ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၄၇၅ ဦး၊ ပျောက်ဆုံး ၃၇၉ ဦး ရှိပြီ

ဖိလစ်ပိုင်တောင်ပိုင်းကို ဖြတ်သန်းတိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၄၇၅ ဦး ရှိသွားပြီဖြစ်ပြီး ၃၇၉ ဦးလည်း ပျောက်ဆုံးနေတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ သေဆုံးတဲ့လူတွေလည်း ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။ လူ ၂ သိန်းကျော်လည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပါတယ်။ အစိုးရက နိုင်ငံတကာက ကူညီဖို့ တောင်းဆိုထားပါတယ်။ ခရိုင် ၈ ခုမှ လူအသေ အပျောက်များသလို အဆိုးဆုံးကတော့ မင်ဒါနို (Mindanao) ဖြစ်တယ်လို့ဆိုပါတယ်။ ကောင်ပိုစ့်တယ် လာ ခရိုင်မှာတော့ ၁၈၄ ဦးသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ မုန်တိုင်း ကြောင့် လျှပ်စစ်မီးတွေနဲ့ ပို့ဆောင်ရေးတွေ ပြတ်တောက်ခဲ့ပါတယ်။ တိုင်ဖုန်း ဘိုဖာဟာ ဒီဇင်ဘာ ၄ ရက်နေ့ အစာပိုင်းမှာ မင်ဒါနို (Mindanao) ကုန်တွင်းပိုင်းကို ၀င်ရောက် ခဲ့ပြီးတော့ ပြင်းထန်တဲ့ မိုးနဲ့ တနာရီကို ၂၁၀ မိုင်နှုန်း လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

//
More News
Up