Home
မြန်မာသတင်း
မောင်တော-အငူမော် ကားလမ်းပေါ်တွင် နယ်ခြားစောင့်တပ်ကားတန်း မိုင်းဆွဲခံရ
DVB
·
August 2, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မောင်တော-အငူမော် ကားလမ်းပေါ်မှာ သြဂုတ် ၁ ရက် မနက်ပိုင်းက နယ်ခြားစောင့်တပ်ကားတန်း မိုင်းဆွဲခံခဲ့ရတာ ဟုတ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောကြားပါတယ်။ “ဒီနေ့မနက် မောင်တော-အငူမော်ကားလမ်း ကျောက်ပန်းဒူနဲ့ အငူမော်ကြားမှာ နယ်ခြားစောင့်ကားတန်း မိုင်းဆွဲခံခဲ့ရတယ်။ ကားတော့ မှန်တွေ ကွဲသွားရှိတယ်။ လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး” လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ် အောင်ဗလနဲ့ ဒုံးပိုက်ကျေးရွာကြား အငူမော်-မောင်တော ကားလမ်းပေါ်မှာ ပေါက်ကွဲ‌ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ “အောင်ဗလကျေးရွာအလွန် ဒုံးပိုက်ကျေးရွာကြား ပေါက်ကွဲတာပါ။ ဟို ၂ ရက်လောက်ကလည်း မကျည်းချောင်းနဲ့ ကုလားချောင်းကြား မေယုရှင်မနတ်ကွန်းအနီးမှာ မိုင်းပေါက်ထားတယ် ဆိုတော့ ဟိုဘက်စစ်ကြောင်းကို ဒီဘက်စစ်ကြောင်းက အချက်ပေး ဖောက်ခွဲလိုက်တာလို့ ထင်ပါတယ်။ ဒါကြောင့် နောက် ဘာတွေ ဖြစ်လာမလဲဆိုပြီး ရွာသူ ရွာသားတွေ အလွန်စိုးရိမ်နေကြပါတယ်။” ဇူလိုင် ၃၀ နေ့ နေလယ် ၂ နာရီကျော်လောက်ကလည်း ရသေ့တောင်မြို့နယ်၊ မကျည်းချောင်း ကျေးရွာနဲ့ ကုလားချောင်းကျေးရွာအကြား မေယုရှင်မနတ်ကွန်း မဒရေချောင်းတံတားအနီးမှာ မိုင်း ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ သတင်း − ကောင်းကောင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #Zawgyi_Version   ေမာင္ေတာ-အငူေမာ္ ကားလမ္းေပၚတြင္ နယ္ျခားေစာင့္တပ္ကားတန္း မိုင္းဆြဲခံရ DVB ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေမာင္ေတာ-အငူေမာ္ ကားလမ္းေပၚမွာ ၾသဂုတ္ ၁ ရက္ မနက္ပိုင္းက နယ္ျခားေစာင့္တပ္ကားတန္း မိုင္းဆြဲခံခဲ့ရတာ ဟုတ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အတည္ျပဳ ေျပာၾကားပါတယ္။ “ဒီေန႔မနက္ ေမာင္ေတာ-အငူေမာ္ကားလမ္း ေက်ာက္ပန္းဒူနဲ႔ အငူေမာ္ၾကားမွာ နယ္ျခားေစာင့္ကားတန္း မိုင္းဆြဲခံခဲ့ရတယ္။ ကားေတာ့ မွန္ေတြ ကြဲသြားရွိတယ္။ လူ ထိခိုက္ဒဏ္ရာရရွိမႈ မရွိဘူး” လို႔ ေျပာပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္ဗလနဲ႔ ဒုံးပိုက္ေက်း႐ြာၾကား အငူေမာ္-ေမာင္ေတာ ကားလမ္းေပၚမွာ ေပါက္ကြဲ‌ခဲ့တာလို႔ ေဒသခံတဦးက ေျပာပါတယ္။ “ေအာင္ဗလေက်း႐ြာအလြန္ ဒုံးပိုက္ေက်း႐ြာၾကား ေပါက္ကြဲတာပါ။ ဟို ၂ ရက္ေလာက္ကလည္း မက်ည္းေခ်ာင္းနဲ႔ ကုလားေခ်ာင္းၾကား ေမယုရွင္မနတ္ကြန္းအနီးမွာ မိုင္းေပါက္ထားတယ္ ဆိုေတာ့ ဟိုဘက္စစ္ေၾကာင္းကို ဒီဘက္စစ္ေၾကာင္းက အခ်က္ေပး ေဖာက္ခြဲလိုက္တာလို႔ ထင္ပါတယ္။ ဒါေၾကာင့္ ေနာက္ ဘာေတြ ျဖစ္လာမလဲဆိုၿပီး ႐ြာသူ ႐ြာသားေတြ အလြန္စိုးရိမ္ေနၾကပါတယ္။” ဇူလိုင္ ၃၀ ေန႔ ေနလယ္ ၂ နာရီေက်ာ္ေလာက္ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ မက်ည္းေခ်ာင္း ေက်း႐ြာနဲ႔ ကုလားေခ်ာင္းေက်း႐ြာအၾကား ေမယုရွင္မနတ္ကြန္း မဒေရေခ်ာင္းတံတားအနီးမွာ မိုင္း ၂ လုံး ေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္။ သတင္း − ေကာင္းေကာင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024