A d v e r t i s e m e n t With Us

မောင်တော-အငူမော် ကားလမ်းပေါ်တွင် နယ်ခြားစောင့်တပ်ကားတန်း မိုင်းဆွဲခံရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မောင်တော-အငူမော် ကားလမ်းပေါ်မှာ သြဂုတ် ၁ ရက် မနက်ပိုင်းက နယ်ခြားစောင့်တပ်ကားတန်း မိုင်းဆွဲခံခဲ့ရတာ ဟုတ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောကြားပါတယ်။ “ဒီနေ့မနက် မောင်တော-အငူမော်ကားလမ်း ကျောက်ပန်းဒူနဲ့ အငူမော်ကြားမှာ နယ်ခြားစောင့်ကားတန်း မိုင်းဆွဲခံခဲ့ရတယ်။ ကားတော့ မှန်တွေ ကွဲသွားရှိတယ်။ လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး” လို့ ပြောပါတယ်။ ရသေ့တောင်မြို့နယ် အောင်ဗလနဲ့ ဒုံးပိုက်ကျေးရွာကြား အငူမော်-မောင်တော ကားလမ်းပေါ်မှာ ပေါက်ကွဲ‌ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ “အောင်ဗလကျေးရွာအလွန် ဒုံးပိုက်ကျေးရွာကြား ပေါက်ကွဲတာပါ။ ဟို ၂ ရက်လောက်ကလည်း မကျည်းချောင်းနဲ့ ကုလားချောင်းကြား မေယုရှင်မနတ်ကွန်းအနီးမှာ မိုင်းပေါက်ထားတယ် ဆိုတော့ ဟိုဘက်စစ်ကြောင်းကို ဒီဘက်စစ်ကြောင်းက အချက်ပေး ဖောက်ခွဲလိုက်တာလို့ ထင်ပါတယ်။ ဒါကြောင့် နောက် ဘာတွေ ဖြစ်လာမလဲဆိုပြီး ရွာသူ ရွာသားတွေ အလွန်စိုးရိမ်နေကြပါတယ်။” ဇူလိုင် ၃၀ နေ့ နေလယ် ၂ နာရီကျော်လောက်ကလည်း ရသေ့တောင်မြို့နယ်၊ မကျည်းချောင်း ကျေးရွာနဲ့ ကုလားချောင်းကျေးရွာအကြား မေယုရှင်မနတ်ကွန်း မဒရေချောင်းတံတားအနီးမှာ မိုင်း ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ သတင်း − ကောင်းကောင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #Zawgyi_Version   ေမာင္ေတာ-အငူေမာ္ ကားလမ္းေပၚတြင္ နယ္ျခားေစာင့္တပ္ကားတန္း မိုင္းဆြဲခံရ DVB ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေမာင္ေတာ-အငူေမာ္ ကားလမ္းေပၚမွာ ၾသဂုတ္ ၁ ရက္ မနက္ပိုင္းက နယ္ျခားေစာင့္တပ္ကားတန္း မိုင္းဆြဲခံခဲ့ရတာ ဟုတ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အတည္ျပဳ ေျပာၾကားပါတယ္။ “ဒီေန႔မနက္ ေမာင္ေတာ-အငူေမာ္ကားလမ္း ေက်ာက္ပန္းဒူနဲ႔ အငူေမာ္ၾကားမွာ နယ္ျခားေစာင့္ကားတန္း မိုင္းဆြဲခံခဲ့ရတယ္။ ကားေတာ့ မွန္ေတြ ကြဲသြားရွိတယ္။ လူ ထိခိုက္ဒဏ္ရာရရွိမႈ မရွိဘူး” လို႔ ေျပာပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္ဗလနဲ႔ ဒုံးပိုက္ေက်း႐ြာၾကား အငူေမာ္-ေမာင္ေတာ ကားလမ္းေပၚမွာ ေပါက္ကြဲ‌ခဲ့တာလို႔ ေဒသခံတဦးက ေျပာပါတယ္။ “ေအာင္ဗလေက်း႐ြာအလြန္ ဒုံးပိုက္ေက်း႐ြာၾကား ေပါက္ကြဲတာပါ။ ဟို ၂ ရက္ေလာက္ကလည္း မက်ည္းေခ်ာင္းနဲ႔ ကုလားေခ်ာင္းၾကား ေမယုရွင္မနတ္ကြန္းအနီးမွာ မိုင္းေပါက္ထားတယ္ ဆိုေတာ့ ဟိုဘက္စစ္ေၾကာင္းကို ဒီဘက္စစ္ေၾကာင္းက အခ်က္ေပး ေဖာက္ခြဲလိုက္တာလို႔ ထင္ပါတယ္။ ဒါေၾကာင့္ ေနာက္ ဘာေတြ ျဖစ္လာမလဲဆိုၿပီး ႐ြာသူ ႐ြာသားေတြ အလြန္စိုးရိမ္ေနၾကပါတယ္။” ဇူလိုင္ ၃၀ ေန႔ ေနလယ္ ၂ နာရီေက်ာ္ေလာက္ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ မက်ည္းေခ်ာင္း ေက်း႐ြာနဲ႔ ကုလားေခ်ာင္းေက်း႐ြာအၾကား ေမယုရွင္မနတ္ကြန္း မဒေရေခ်ာင္းတံတားအနီးမွာ မိုင္း ၂ လုံး ေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္။ သတင္း − ေကာင္းေကာင္း

A d v e r t i s e m e n t With Us

More News
Up