A d v e r t i s e m e n t With Us

အသားဖြူရန် လိမ်းဆေး ထိုးဆေးဖြင့် ကုသသူများ နေထိုင်သည့်ပုံစံမမှန်ပါက နှစ်ဆပိုမည်းနိုင်

Small white spots on arms (Idiopathic guttate hypomelanosis), Liver spots on the skin of an old person.
အသားဖြူဖို့ လိမ်းဆေး၊ ထိုးဆေးတွေနဲ့ ကုသနေကြပေမယ့် နေထိုင်တဲ့ပုံစံ မမှန်ကန်ခဲ့ရင် အရေပြားက နှစ်ဆပိုမည်းသွားနိုင်တယ်လို့ အရေပြားအလှပဆိုင်ရာ ဆရာဝန်တွေက အကြံပြု ထားပါတယ်။ ဒီနေ့ခေတ် လူငယ်တွေကြားမှာ အသားဖြူဖို့ ကြိုးစားတာတွေ ပိုများလာကြပြီး အသားဖြူစေတဲ့ သောက်ဆေး၊ လိမ်းဆေးတွေကို အလှအပဆိုင်ရာ ဆေးခန်းတွေကနေ ညွှန်ကြားချက်နဲ့ သုံးစွဲကြတာရှိသလို တချို့ကလည်း အွန်လိုင်းပေါ်ကနေ မှာယူသုံးစွဲတာတွေ ရှိတဲ့အတွက် ဓာတ်မတည့်တာဖြစ်ရင် အရေပြားမှာ အကွက်တွေ ဖြစ်စေတတ်ပါတယ်။   အသားဖြူ ကုထုံးတွေက အများကြီးရှိတာဖြစ်ပြီး ကုသတာ ခံယူတဲ့သူအနေနဲ့ နေပူထဲ သွားလာတာ အသားအရေကို ဂရုမစိုက်သလို နေထိုင်တာက ပြန်မည်းသွားစေနိုင်လို့ အသားဖြူအောင် လုပ်ဆောင်တာထက် ကျန်းမာပြီး ကောင်းမွန်တဲ့ အသားအရေ ရှိရင် ပိုကောင်းပါတယ်လို့ Dr.Face Skin & Aesthetic Center မှ အရေပြားအလှပဆိုင်ရာ ဆရာဝန် ဒေါက်တာရဲထွန်းက ပြောပါတယ်။ အသားဖြူဖို့နဲ့ အရေပြား လှပဖို့ Skin care တွေနဲ့ ကုသတာအပြင် ရေကို စနစ်တကျ အချိုးကျ သောက်သုံးတာနဲ့ ခန္ဓာကိုယ် အရေပြား ကြည်လင်လှပစေလို့ ရေသောက်ပြီး အသားအရေ ထိန်းသိမ်းတာနဲ့ ရေသောက်ဖို့ အကြံပြုချင်တယ်လို့ မော်ဒယ်နဲ့ သရုပ်ဆောင်ဖြစ်သူ ဟန်တီက  ပြောပါတယ်။ အသားအရေ ထိန်းသိမ်းတဲ့နေရာမှာ ဘယ်သူပဲဖြစ်ဖြစ် ရေ တနေ့ကို ၄ လီတာ ၈ ခွက်နှုန်းလောက် သောက်သုံးပေးတာနဲ့ အိပ်ရေးဝအောင် တနေ့ ၈ နာရီပြည့် အိပ်ဖို့ လိုအပ်တယ်လို့   Dr.Face Skin & Aesthetic Center မှ အရေပြား အလှအပဆိုင်ရာ ဆရာဝန် ဒေါက်တာ မျိုးသူထက်က ပြောပါတယ်။ မျက်နှာနဲ့ ကိုယ်ခန္ဓာအရေပြား မည်းညစ်စေတာ၊ အဆီဖုတွေ ထွက်စေတာ၊ ဝက်ခြံထွက်တာတွေက ကုသလို့ အရှင်းမပျောက်ကင်းနိုင်ပါဘူး။ ဒီလိုဖြစ်တာတွေက နေ့စဉ် နေထိုင်တဲ့ အမူအကျင့်တွေအရ အရေပြားမှာ ဖြစ်ပေါ်စေတဲ့ ကျန်းမာရေးပြဿနာသာ ဖြစ်တယ်လို့ ဆိုပါတယ်။  မေစု
အသားျဖဴရန္ လိမ္းေဆး ထိုးေဆးျဖင့္ ကုသသူမ်ား ေနထိုင္သည့္ပုံစံမမွန္ပါက ႏွစ္ဆပိုမည္းႏိုင္ DVB အသားျဖဴဖို႔ လိမ္းေဆး၊ ထိုးေဆးေတြနဲ႔ ကုသေနၾကေပမယ့္ ေနထိုင္တဲ့ပုံစံ မမွန္ကန္ခဲ့ရင္ အေရျပားက ႏွစ္ဆပိုမည္းသြားႏိုင္တယ္လို႔ အေရျပားအလွပဆိုင္ရာ ဆရာဝန္ေတြက အႀကံျပဳ ထားပါတယ္။ ဒီေန႔ေခတ္ လူငယ္ေတြၾကားမွာ အသားျဖဴဖို႔ ႀကိဳးစားတာေတြ ပိုမ်ားလာၾကၿပီး အသားျဖဴေစတဲ့ ေသာက္ေဆး၊ လိမ္းေဆးေတြကို အလွအပဆိုင္ရာ ေဆးခန္းေတြကေန ၫႊန္ၾကားခ်က္နဲ႔ သုံးစြဲၾကတာရွိသလို တခ်ိဳ႕ကလည္း အြန္လိုင္းေပၚကေန မွာယူသုံးစြဲတာေတြ ရွိတဲ့အတြက္ ဓာတ္မတည့္တာျဖစ္ရင္ အေရျပားမွာ အကြက္ေတြ ျဖစ္ေစတတ္ပါတယ္။ အသားျဖဴ ကုထုံးေတြက အမ်ားႀကီးရွိတာျဖစ္ၿပီး ကုသတာ ခံယူတဲ့သူအေနနဲ႔ ေနပူထဲ သြားလာတာ အသားအေရကို ဂ႐ုမစိုက္သလို ေနထိုင္တာက ျပန္မည္းသြားေစႏိုင္လို႔ အသားျဖဴေအာင္ လုပ္ေဆာင္တာထက္ က်န္းမာၿပီး ေကာင္းမြန္တဲ့ အသားအေရ ရွိရင္ ပိုေကာင္းပါတယ္လို႔ Dr.Face Skin & Aesthetic Center မွ အေရျပားအလွပဆိုင္ရာ ဆရာဝန္ ေဒါက္တာရဲထြန္းက ေျပာပါတယ္။ အသားျဖဴဖို႔နဲ႔ အေရျပား လွပဖို႔ Skin care ေတြနဲ႔ ကုသတာအျပင္ ေရကို စနစ္တက် အခ်ိဳးက် ေသာက္သုံးတာနဲ႔ ခႏၶာကိုယ္ အေရျပား ၾကည္လင္လွပေစလို႔ ေရေသာက္ၿပီး အသားအေရ ထိန္းသိမ္းတာနဲ႔ ေရေသာက္ဖို႔ အႀကံျပဳခ်င္တယ္လို႔ ေမာ္ဒယ္နဲ႔ သ႐ုပ္ေဆာင္ျဖစ္သူ ဟန္တီက ေျပာပါတယ္။ အသားအေရ ထိန္းသိမ္းတဲ့ေနရာမွာ ဘယ္သူပဲျဖစ္ျဖစ္ ေရ တေန႔ကို ၄ လီတာ ၈ ခြက္ႏႈန္းေလာက္ ေသာက္သုံးေပးတာနဲ႔ အိပ္ေရးဝေအာင္ တေန႔ ၈ နာရီျပည့္ အိပ္ဖို႔ လိုအပ္တယ္လို႔ Dr.Face Skin & Aesthetic Center မွ အေရျပား အလွအပဆိုင္ရာ ဆရာဝန္ ေဒါက္တာ မ်ိဳးသူထက္က ေျပာပါတယ္။ မ်က္ႏွာနဲ႔ ကိုယ္ခႏၶာအေရျပား မည္းညစ္ေစတာ၊ အဆီဖုေတြ ထြက္ေစတာ၊ ဝက္ၿခံထြက္တာေတြက ကုသလို႔ အရွင္းမေပ်ာက္ကင္းႏိုင္ပါဘူး။ ဒီလိုျဖစ္တာေတြက ေန႔စဥ္ ေနထိုင္တဲ့ အမူအက်င့္ေတြအရ အေရျပားမွာ ျဖစ္ေပၚေစတဲ့ က်န္းမာေရးျပႆနာသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေမစု

A d v e r t i s e m e n t With Us

More News
Up