Home
မြန်မာသတင်း
အော်တိုလှည့် ကင်မရာပါ Samsung Galaxy A80 
DVB
·
August 1, 2019
ဒီတခါမှာတော့ ရှေ့နောက်ချိန်လို့ရမယ့် Slider Rotating Camera ပါဝင်လာတဲ့ Samsung Galaxy A80 လေးအကြောင်း တင်ပြပေးချင်ပါတယ်။ Samsung A80 ရဲ့ ဒီဇိုင်းပိုင်းလေးအကြောင်း အရင်ပြောပြပေးချင်ပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ Selfie ရိုက်မယ် ဆိုတာနဲ့ ကင်မရာက ဖုန်းအနောက်ဘက် တဝက်လောက်ကနေ Slider ပုံစံနဲ့ ထွက်ရှိလာမှာဖြစ်ပြီး ကင်မရာပါ အော်တို Rotate လှည့်လာမှာ ဖြစ်ပါတယ်။ အခုခေတ်စားနေတဲ့ Vivo တို့လို၊ OPPO တို့လို Pop up ပုံစံမျိုး ကင်မရာက ထွက်လာတာ မဟုတ်ဘဲ Slider Rotating Camera နဲ့ ထွက်ရှိလာတာက သူရဲ့အားသာချက်တခု ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ 48 Megapixel Camera Aperture f/2.0 နဲ့ 8 megapixel f/2.2 123 Degree ultra wide camera ကို တပ်ဆင်ပေးထားပါတယ်။ Processor ပိုင်းမှာတော့ Qualcommရဲ့ Snapdragon 730 SoC octa core Processor အမျိုးအစားဖြစ်ပြီး 2.2GHz Core ၂လုံး နဲ့1.7 GHz core ၆ လုံး ပေါင်းစပ်ပေးထားတာတဲ့ 11 nm Processor နဲ့ထွက်ရှိလာတာပါ။ RAM အနေနဲ့ 8GB Storage အနေနဲ့ 128GB ပါဝင်လာမှာ ဖြစ်ပြီး Android 9 ကို အခြေခံထားတဲ့ One UI နဲ့ပါ။ Battery အနေနဲ့ ဆိုရင် 3700 mAh အသုံးပြုထားပြီး Fast Charging ကို 25W ထိ Support ပြုလုပ်ပေးနိုင်ပါတယ်။ Display ပိုင်းမှာတော့ 6.7 လက်မ FHD+ resolutionနဲ့ Super AMOLED Display ကို အသုံးပြုပေးထားပါတယ်။ Notch တွေ Punch hole တွေ မပါလာတော့တဲ့ Samsung ရဲ့ပထမဆုံး New Infinity Display နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Angel Gold, Ghost White, Phantom Black ဆိုပြီး အရောင် ၃ မျိုးနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဈေးနှုန်းကတော့ ကျပ် ၉၉၉,၀၀၀ ရှိမှာ ဖြစ်ပါတယ်။
ေအာ္တိုလွည့္ ကင္မရာပါ Samsung Galaxy A80 DVB ဒီတခါမွာေတာ့ ေရွ႕ေနာက္ခ်ိန္လို႔ရမယ့္ Slider Rotating Camera ပါဝင္လာတဲ့ Samsung Galaxy A80 ေလးအေၾကာင္း တင္ျပေပးခ်င္ပါတယ္။ Samsung A80 ရဲ႕ ဒီဇိုင္းပိုင္းေလးအေၾကာင္း အရင္ေျပာျပေပးခ်င္ပါတယ္။ ဒီဇိုင္းပိုင္းမွာေတာ့ Selfie ႐ိုက္မယ္ ဆိုတာနဲ႔ ကင္မရာက ဖုန္းအေနာက္ဘက္ တဝက္ေလာက္ကေန Slider ပုံစံနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး ကင္မရာပါ ေအာ္တို Rotate လွည့္လာမွာ ျဖစ္ပါတယ္။ အခုေခတ္စားေနတဲ့ Vivo တို႔လို၊ OPPO တို႔လို Pop up ပုံစံမ်ိဳး ကင္မရာက ထြက္လာတာ မဟုတ္ဘဲ Slider Rotating Camera နဲ႔ ထြက္ရွိလာတာက သူရဲ႕အားသာခ်က္တခု ျဖစ္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ 48 Megapixel Camera Aperture f/2.0 နဲ႔ 8 megapixel f/2.2 123 Degree ultra wide camera ကို တပ္ဆင္ေပးထားပါတယ္။ Processor ပိုင္းမွာေတာ့ Qualcommရဲ႕ Snapdragon 730 SoC octa core Processor အမ်ိဳးအစားျဖစ္ၿပီး 2.2GHz Core ၂လုံး နဲ႔1.7 GHz core ၆ လုံး ေပါင္းစပ္ေပးထားတာတဲ့ 11 nm Processor နဲ႔ထြက္ရွိလာတာပါ။ RAM အေနနဲ႔ 8GB Storage အေနနဲ႔ 128GB ပါဝင္လာမွာ ျဖစ္ၿပီး Android 9 ကို အေျခခံထားတဲ့ One UI နဲ႔ပါ။ Battery အေနနဲ႔ ဆိုရင္ 3700 mAh အသုံးျပဳထားၿပီး Fast Charging ကို 25W ထိ Support ျပဳလုပ္ေပးႏိုင္ပါတယ္။ Display ပိုင္းမွာေတာ့ 6.7 လက္မ FHD+ resolutionနဲ႔ Super AMOLED Display ကို အသုံးျပဳေပးထားပါတယ္။ Notch ေတြ Punch hole ေတြ မပါလာေတာ့တဲ့ Samsung ရဲ႕ပထမဆုံး New Infinity Display နဲ႔ ထြက္လာတာ ျဖစ္ပါတယ္။ အေရာင္အေနနဲ႔ကေတာ့ Angel Gold, Ghost White, Phantom Black ဆိုၿပီး အေရာင္ ၃ မ်ိဳးနဲ႔ ထြက္ရွိလာတာျဖစ္ၿပီး ေဈးႏႈန္းကေတာ့ က်ပ္ ၉၉၉,၀၀၀ ရွိမွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024