Home
မြန်မာသတင်း
မြန်မာ့ဆိုင်းနှင့် ခေတ်ပေါ်သီချင်းများ ပေါင်းစပ်ပြီး အကစွမ်းရည်ပြခဲ့သည့် ချစ်စဖွယ်အမြွှာ(ရုပ်သံ)
DVB
·
August 1, 2019
မနှစ်က ကျင်းပခဲ့တဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာ မြန်မာအကတွေနဲ့ ကပြ ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ် အားပေးမှုရရှိခဲ့တဲ့ သားတို့အမြွှာအဖွဲ့ကို ပရိသတ်တွေက မှတ်မိကြမယ် ထင်ပါတယ်။ အသက် ၁၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သားတို့အမြွှာ မိုးဖြိုးညီနောင်ဟာ အခုနှစ်ရဲ့ ပြိုင်ပွဲမှာလည်း တကျော့ပြန် ယှဉ်ပြိုင်မှုတွေနဲ့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့ပြန်ပါပြီ။ ငယ်ရွယ်ပေမယ့် အနုပညာအရည်အသွေး ပြည့်ဝတဲ့ မန္တလေးမြို့ဇာတိ သူတို့ ညီအစ်ကိုဟာ တယောက်က အမျိုးသမီးလို၊ တယောက်က အမျိုးသားလို ဝတ်ဆင်ကပြ ဖျော်ဖြေရတဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးလို အကမျိုး၊ ဇာတ်မင်းသားတွေလို အကမျိုးသာမက အပျိုတော်အကထိအောင် ကပြနိုင်စွမ်းရှိတဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ ခုတခါ ယှဉ်ပြိုင်မှုမှာတော့ သူတို့ အမြွှာညီအစ်ကိုက ခေတ်ပေါ် သီချင်းတွေနဲ့ရော၊ မြန်မာဟန် ဆိုင်းတီးခတ်မှုနဲ့ပါ ဆန်းဆန်းပြားပြား ကပြဖျော်ဖြေခဲ့ကြတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဖျော်ဖြေမှု အစပိုင်းမှာတော့ သူတို့ ညီနောင်ဟာ လူရွှင်တော် ဝတ်စုံ၊ နှုတ်ခမ်းမွေး ကားကား၊ ပုသိမ်ထီးကိုယ်စီနဲ့ ထွက်လာခဲ့ကြပြီး ဟန်ချက်ညီညီနဲ့ ကပြဖျော်ဖြေခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ ရုတ်တရက် တီးလုံးသံ ပြောင်းသွားခဲ့ပြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းနဲ့အတူ အပေါ်ဝတ်စုံကို ချွတ်လိုက်ခဲ့ချိန်မှာတော့ မင်းသမီးဝတ်စုံနဲ့ သူတို့ညီနောင်ကို ပြောင်းလဲ တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ “မင်းစော်ထက် ငါ့စော်ပိုမိုက်တယ်။ ငါ့စော်ပိုမိုက်တယ်” ဆိုတဲ့ ပရိသတ်နှုတ်ဖျားရေ ပန်းစားတဲ့ သီချင်းနဲ့ သူတို့အမြွှာ ၂ ယောက်ရဲ့ မျက်နှာအမူအရာဟာ ပရိသတ်တွေကို ပွဲကျစေခဲ့သလို ဒိုင်တွေကိုပါ ဖမ်းစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ အဆိုတော် မာမာအေးရဲ့ နာမည်ကြီးသီချင်း ကျွဲမထဲက သီချင်းစာသား “ကျမဓာတ်ပုံကို ပြရန်မလို ထမင်းအိုးဖင်ကို ကြည့်တော်မူပါ အစ်ကို”နဲ့ သရုပ်ပြခဲ့ချိန်မှာတော့ အားလုံးက ပွဲကျသွားခဲ့ပါတော့တယ်။ အဲဒီနောက်တော့ လုံးဝဥဿုံ ဘုတ်ဆုံ အထင်မကြီးဘူး၊ တရုတ်ပေါင်ချိန်သီချင်းတွေနဲ့ မြူးမြူးသွက်သွက် ကပြဖျော်ဖြေမှုဟာ အားလုံးပြီးသွားချိန်အထိ မျက်တောင်မခပ်စတမ်း အားပေးနေခဲ့ကြပါတယ်။ အခုနှစ် ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ဝါ ရင့်သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ်အမှတ်ပေးကြမှာ ဖြစ်ပါတယ်။ သားတို့အမြွှာမိုးဖြိုးညီနောင်ဟာ မနှစ်က Myanmar’s Got Talent ပြိုင်ပွဲမှာ နောက်ဆုံးဆယ်ဦး ဆန်ကာတင်စာရင်းထဲထိ ပါဝင်ခဲ့တာမို့ အခုနှစ် တကျော့ပြန်ယှဉ်ပြိုင်မှုမှာရော ဘယ်လိုဆန်းပြားတဲ့ စွမ်းရည်တွေနဲ့ တက်လှမ်းသွားနိုင်မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ျမန္မာ့ဆိုင္းႏွင့္ ေခတ္ေပၚသီခ်င္းမ်ား ေပါင္းစပ္ၿပီး အကစြမ္းရည္ျပခဲ့သည့္ ခ်စ္စဖြယ္အႁမႊာ(႐ုပ္သံ) DVB မႏွစ္က က်င္းပခဲ့တဲ့ Myanmar’s Got Talent ၿပိဳင္ပြဲမွာ ျမန္မာအကေတြနဲ႔ ကျပ ယွဥ္ၿပိဳင္ခဲ့ၿပီး ပရိသတ္ အားေပးမႈရရွိခဲ့တဲ့ သားတို႔အႁမႊာအဖြဲ႕ကို ပရိသတ္ေတြက မွတ္မိၾကမယ္ ထင္ပါတယ္။ အသက္ ၁၂ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ သားတို႔အႁမႊာ မိုးၿဖိဳးညီေနာင္ဟာ အခုႏွစ္ရဲ႕ ၿပိဳင္ပြဲမွာလည္း တေက်ာ့ျပန္ ယွဥ္ၿပိဳင္မႈေတြနဲ႔ ပရိသတ္ေတြကိုေရာ ဒိုင္ေတြကိုပါ ဖမ္းစားထားႏိုင္ခဲ့ျပန္ပါၿပီ။ ငယ္႐ြယ္ေပမယ့္ အႏုပညာအရည္အေသြး ျပည့္ဝတဲ့ မႏၲေလးၿမိဳ႕ဇာတိ သူတို႔ ညီအစ္ကိုဟာ တေယာက္က အမ်ိဳးသမီးလို၊ တေယာက္က အမ်ိဳးသားလို ဝတ္ဆင္ကျပ ေဖ်ာ္ေျဖရတဲ့ ဦးေ႐ႊ႐ိုးနဲ႔ ေဒၚမိုးလို အကမ်ိဳး၊ ဇာတ္မင္းသားေတြလို အကမ်ိဳးသာမက အပ်ိဳေတာ္အကထိေအာင္ ကျပႏိုင္စြမ္းရွိတဲ့ ကေလးငယ္ေတြ ျဖစ္ၾကပါတယ္။ ခုတခါ ယွဥ္ၿပိဳင္မႈမွာေတာ့ သူတို႔ အႁမႊာညီအစ္ကိုက ေခတ္ေပၚ သီခ်င္းေတြနဲ႔ေရာ၊ ျမန္မာဟန္ ဆိုင္းတီးခတ္မႈနဲ႔ပါ ဆန္းဆန္းျပားျပား ကျပေဖ်ာ္ေျဖခဲ့ၾကတာကို ရႈစားၾကရမွာ ျဖစ္ပါတယ္။ ေဖ်ာ္ေျဖမႈ အစပိုင္းမွာေတာ့ သူတို႔ ညီေနာင္ဟာ လူ႐ႊင္ေတာ္ ဝတ္စုံ၊ ႏႈတ္ခမ္းေမြး ကားကား၊ ပုသိမ္ထီးကိုယ္စီနဲ႔ ထြက္လာခဲ့ၾကၿပီး ဟန္ခ်က္ညီညီနဲ႔ ကျပေဖ်ာ္ေျဖခဲ့ၾကတာပါ။ အဲဒီေနာက္မွာေတာ့ ႐ုတ္တရက္ တီးလုံးသံ ေျပာင္းသြားခဲ့ၿပီး အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ “ငါ့ရည္းစားက ပိုမိုက္တယ္” သီခ်င္းနဲ႔အတူ အေပၚဝတ္စုံကို ခြၽတ္လိုက္ခဲ့ခ်ိန္မွာေတာ့ မင္းသမီးဝတ္စုံနဲ႔ သူတို႔ညီေနာင္ကို ေျပာင္းလဲ ေတြ႕ျမင္ေနရမွာ ျဖစ္ပါတယ္။ “မင္းေစာ္ထက္ ငါ့ေစာ္ပိုမိုက္တယ္။ ငါ့ေစာ္ပိုမိုက္တယ္” ဆိုတဲ့ ပရိသတ္ႏႈတ္ဖ်ားေရ ပန္းစားတဲ့ သီခ်င္းနဲ႔ သူတို႔အႁမႊာ ၂ ေယာက္ရဲ႕ မ်က္ႏွာအမူအရာဟာ ပရိသတ္ေတြကို ပြဲက်ေစခဲ့သလို ဒိုင္ေတြကိုပါ ဖမ္းစားႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ အဲဒီေနာက္မွာေတာ့ အဆိုေတာ္ မာမာေအးရဲ႕ နာမည္ႀကီးသီခ်င္း ကြၽဲမထဲက သီခ်င္းစာသား “က်မဓာတ္ပုံကို ျပရန္မလို ထမင္းအိုးဖင္ကို ၾကည့္ေတာ္မူပါ အစ္ကို”နဲ႔ သ႐ုပ္ျပခဲ့ခ်ိန္မွာေတာ့ အားလုံးက ပြဲက်သြားခဲ့ပါေတာ့တယ္။ အဲဒီေနာက္ေတာ့ လုံးဝဥႆုံ ဘုတ္ဆုံ အထင္မႀကီးဘူး၊ တ႐ုတ္ေပါင္ခ်ိန္သီခ်င္းေတြနဲ႔ ျမဴးျမဴးသြက္သြက္ ကျပေဖ်ာ္ေျဖမႈဟာ အားလုံးၿပီးသြားခ်ိန္အထိ မ်က္ေတာင္မခပ္စတမ္း အားေပးေနခဲ့ၾကပါတယ္။ အခုႏွစ္ ၂၀၁၉ ခုႏွစ္ရဲ႕ Myanmar’s Got Talent ၿပိဳင္ပြဲမွာေတာ့ ဒိုင္ေတြအျဖစ္ ဝါ ရင့္သ႐ုပ္ေဆာင္မင္းသမီး မို႔မို႔ျမင့္ေအာင္၊ ဒါ႐ိုက္တာ ေမာင္သီ၊ သ႐ုပ္ေဆာင္မင္းသမီး ခိုင္သင္းၾကည္၊ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးတို႔က အကဲျဖတ္အမွတ္ေပးၾကမွာ ျဖစ္ပါတယ္။ သားတို႔အႁမႊာမိုးၿဖိဳးညီေနာင္ဟာ မႏွစ္က Myanmar’s Got Talent ၿပိဳင္ပြဲမွာ ေနာက္ဆုံးဆယ္ဦး ဆန္ကာတင္စာရင္းထဲထိ ပါဝင္ခဲ့တာမို႔ အခုႏွစ္ တေက်ာ့ျပန္ယွဥ္ၿပိဳင္မႈမွာေရာ ဘယ္လိုဆန္းျပားတဲ့ စြမ္းရည္ေတြနဲ႔ တက္လွမ္းသြားႏိုင္မလဲဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024