Home
မြန်မာသတင်း
Sony A 6400 အကြောင်း တစေ့တစောင်း
DVB
·
August 1, 2019
ဒီဗွီဘီရဲ့  ခေတ်လှိုင်းနည်းပညာအစီအစဉ်မှာ ဖော်ပြခဲ့တဲ့ Sony က ထုတ်လုပ်ထားတဲ့ Mirrorless လေးဖြစ်တဲ့ Sony A 6400 အကြောင်းလေး တင်ပြပေးလိုက်ပါတယ်။ Sony A 6400 ကင်မရာလေးမှာတော့  အရည်အသွေးမြင့် ဓာတ်ပုံတွေကို မှတ်တမ်းတင် ရိုက်ကူးနိုင်မှာ ဖြစ်သလို ဗွီဒီယို ရိုက်ကူးမယ့်သူတွေအတွက် 4K video quality ကို "No Record limit" မရှိဘဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Sony A 6400 ဝယ်ယူမယ်ဆိုရင် 16-50mm Lens တလုံး ပါဝင်လာမှာဖြစ်ပြီး 16-50 mm နဲ့ အားမရသေးသူတွေအတွက် ဆိုရင်တော့ 18-135 mm Lens ပါ ထပ်မံဝယ်ယူနိုင်မှာပါ။ LCD Screen ကတော့ အရင်ထွက်ရှိထားတဲ့ Aony A6300 လိုမဟုတ်ဘဲ Touch ဖြစ်သွားပါတယ်။ ဗွီဒီယို ရိုက်ကူးမယ်ဆိုရင် 4K video ကို 100 Mbps နဲ့ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ 4K Resolution ကို Ultra HD (3840×2160) နဲ့ ဖမ်းယူနိုင်ပြီး 30p နဲ့ 24p တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။ Full HD မှာတော့ High Frame Rate အနေနဲ့ 120fps ထိ ရိုက်ကူးနိုင်မယ်ဆိုတဲ့အတွက် ဗွီဒီယို Specs ကတော့ ကောင်းမွန်တဲ့အထဲမှာ ပါပါတယ်။ Sony A 6400 လေးရဲ့ features ပိုင်းကို ကြည့်မယ်ဆိုရင် 11 frames per sec ရရှိနိုင်မှာ ဖြစ်ပြီး Auto foucs point အနေနဲ့ကတော့  0.02 sec နဲ့ 425 points Detect နိုင်မှာဖြစ်ပါတယ်။ Real-time AF နဲ့  Real time tracking mode ကတော့ Advanced features ပါဝင်လာပါတယ်။ Sony A 6400(18-135mm) ရဲ့ Features လေးတွေကတော့ APS-C  24.2 MP ISO 100-32000 11fps Shutter speed 1/4000 to 30sec 4K Video recording 29.97p [60 to 100mbs] 3" touch screen Built in Wifi system ဈေးနှုန်းကတော့ 1,670,000 ကျပ်ဝန်းကျင်ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024