A d v e r t i s e m e n t With Us

Sony A 6400 အကြောင်း တစေ့တစောင်း

ဒီဗွီဘီရဲ့  ခေတ်လှိုင်းနည်းပညာအစီအစဉ်မှာ ဖော်ပြခဲ့တဲ့ Sony က ထုတ်လုပ်ထားတဲ့ Mirrorless လေးဖြစ်တဲ့ Sony A 6400 အကြောင်းလေး တင်ပြပေးလိုက်ပါတယ်။ Sony A 6400 ကင်မရာလေးမှာတော့  အရည်အသွေးမြင့် ဓာတ်ပုံတွေကို မှတ်တမ်းတင် ရိုက်ကူးနိုင်မှာ ဖြစ်သလို ဗွီဒီယို ရိုက်ကူးမယ့်သူတွေအတွက် 4K video quality ကို "No Record limit" မရှိဘဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Sony A 6400 ဝယ်ယူမယ်ဆိုရင် 16-50mm Lens တလုံး ပါဝင်လာမှာဖြစ်ပြီး 16-50 mm နဲ့ အားမရသေးသူတွေအတွက် ဆိုရင်တော့ 18-135 mm Lens ပါ ထပ်မံဝယ်ယူနိုင်မှာပါ။ LCD Screen ကတော့ အရင်ထွက်ရှိထားတဲ့ Aony A6300 လိုမဟုတ်ဘဲ Touch ဖြစ်သွားပါတယ်။ ဗွီဒီယို ရိုက်ကူးမယ်ဆိုရင် 4K video ကို 100 Mbps နဲ့ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ 4K Resolution ကို Ultra HD (3840×2160) နဲ့ ဖမ်းယူနိုင်ပြီး 30p နဲ့ 24p တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။ Full HD မှာတော့ High Frame Rate အနေနဲ့ 120fps ထိ ရိုက်ကူးနိုင်မယ်ဆိုတဲ့အတွက် ဗွီဒီယို Specs ကတော့ ကောင်းမွန်တဲ့အထဲမှာ ပါပါတယ်။ Sony A 6400 လေးရဲ့ features ပိုင်းကို ကြည့်မယ်ဆိုရင် 11 frames per sec ရရှိနိုင်မှာ ဖြစ်ပြီး Auto foucs point အနေနဲ့ကတော့  0.02 sec နဲ့ 425 points Detect နိုင်မှာဖြစ်ပါတယ်။ Real-time AF နဲ့  Real time tracking mode ကတော့ Advanced features ပါဝင်လာပါတယ်။ Sony A 6400(18-135mm) ရဲ့ Features လေးတွေကတော့ APS-C  24.2 MP ISO 100-32000 11fps Shutter speed 1/4000 to 30sec 4K Video recording 29.97p [60 to 100mbs] 3" touch screen Built in Wifi system ဈေးနှုန်းကတော့ 1,670,000 ကျပ်ဝန်းကျင်ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up