Home
မြန်မာသတင်း
မြန်မာပြည်တွင် ဓာတ်တိုင်မူဝါဒတောင် ရေးဆွဲထားခြင်းမရှိသေးဟု ဝေဖန်
စိုးမိုးအောင်
·
August 1, 2019
လျှပ်စစ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ပြည်သူတွေ မနစ်နာအောင် ရေးဆွဲထားတဲ့ မူဝါဒမရှိသေးသလို ဓာတ်တိုင်မူဝါဒတောင် ရေးဆွဲထားတာ မရှိသေးဘူးလို့ လျှပ်စစ်နှင့် အီလက် ထရောနစ်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌက ပြောပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ  ပြည်သူတွေ မနစ်နာအောင် ရေးဆွဲထားတဲ့ မူဝါဒမရှိသေးသလို ဓာတ်တိုင်မူဝါဒတောင် ရေးဆွဲထားတာ မရှိသေးဘူလို့ လျှပ်စစ်နှင့်အီလက် ထရောနစ်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမြင့်ဇော်က သြဂုတ် ၁ ရက်က နိုင်ငံတကာလျှပ်စစ်နဲ့ဆ ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်ရာ ပစ္စည်းပြပွဲမှာ ပြောဆိုသွားပါတယ်။  လျှပ်စစ် အသုံးပြုတာ များလာတာနဲ့အမျှ ထုတ်လုပ်မှုနဲ့ ကာကွယ်မှုအပိုင်းတွေ လုပ်ဖို့ လိုအပ်နေသေးတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်  ဒေါ်ယဉ်ယဉ်မြက ပြောပါတယ်။ လျှပ်စစ်မီတာ အသုံးပြုခတွေကို သြဂုတ်လကစပြီး အရင်ထက်၂ ဆကျော် တိုးမြှင့်ကောက်ခံဖို့ အစိုးရက သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနတွေအနေနဲ့ သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ အလုပ်လုပ်ဆောင်နိုင်ဖို့ အရင်လွှတ်တော်လက်ထက်က ၂၀၁၃-၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ စံချိန်စံညွှန်းဥပဒေ ထုတ်ပြန်ထားပေမယ့် ဥပဒေအတိုင်း မလုပ်ဆောင်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လျှပ်စစ်နဲ့ပတ်သက်လို့ လျှပ်စစ်မီးမမှန်တာ၊ အရည်အသွေး မပြည့်တာနဲ့ လာဘ်စားတာတွေကို ပြည်သူက တိုင်ကြားပေမယ့် တာဝန်ယူမှုမရှိသေးဘူးလို့ ဦးမြင့်ဇော်က ပြောပါတယ်။ နိုင်ငံတကာ လျှပ်စစ်နဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်ရာ ပစ္စည်းပြပွဲမှာ ပြခန်းပေါင်း ၇၀) ကျော် ပါဝင်ပြီး အင်္ဂလန်နဲ့ အမေရိကန်၊ တရုတ်၊ ဟောင်ကောင် စတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော် လာရောက်ပြသခဲ့ပါတယ်။
ျမန္မာျပည္တြင္ ဓာတ္တိုင္မူဝါဒေတာင္ ေရးဆြဲထားျခင္းမရွိေသးဟု ေဝဖန္ စိုးမိုးေအာင္ လွ်ပ္စစ္နဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံမွာ ျပည္သူေတြ မနစ္နာေအာင္ ေရးဆြဲထားတဲ့ မူဝါဒမရွိေသးသလို ဓာတ္တိုင္မူဝါဒေတာင္ ေရးဆြဲထားတာ မရွိေသးဘူးလို႔ လွ်ပ္စစ္ႏွင့္ အီလက္ ထေရာနစ္လုပ္ငန္းရွင္အသင္းဥကၠ႒က ေျပာပါတယ္။ လွ်ပ္စစ္နဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံမွာ ျပည္သူေတြ မနစ္နာေအာင္ ေရးဆြဲထားတဲ့ မူဝါဒမရွိေသးသလို ဓာတ္တိုင္မူဝါဒေတာင္ ေရးဆြဲထားတာ မရွိေသးဘူလို႔ လွ်ပ္စစ္ႏွင့္အီလက္ ထေရာနစ္လုပ္ငန္းရွင္အသင္းဥကၠ႒ ဦးျမင့္ေဇာ္က ၾသဂုတ္ ၁ ရက္က ႏိုင္ငံတကာလွ်ပ္စစ္နဲ႔ဆ ေဆာက္လုပ္ေရးလုပ္ငန္းသုံးဆိုင္ရာ ပစၥည္းျပပြဲမွာ ေျပာဆိုသြားပါတယ္။ လွ်ပ္စစ္ အသုံးျပဳတာ မ်ားလာတာနဲ႔အမွ် ထုတ္လုပ္မႈနဲ႔ ကာကြယ္မႈအပိုင္းေတြ လုပ္ဖို႔ လိုအပ္ေနေသးတယ္လို႔ ျမန္မာႏိုင္ငံ အင္ဂ်င္နီယာအသင္း ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒၚယဥ္ယဥ္ျမက ေျပာပါတယ္။ လွ်ပ္စစ္မီတာ အသုံးျပဳခေတြကို ၾသဂုတ္လကစၿပီး အရင္ထက္၂ ဆေက်ာ္ တိုးျမႇင့္ေကာက္ခံဖို႔ အစိုးရက သတ္မွတ္ထားပါတယ္။ ျမန္မာႏိုင္ငံမွာ ဝန္ႀကီးဌာနေတြအေနနဲ႔ သတ္မွတ္စံခ်ိန္စံၫႊန္းနဲ႔အညီ အလုပ္လုပ္ေဆာင္ႏိုင္ဖို႔ အရင္လႊတ္ေတာ္လက္ထက္က ၂၀၁၃-၂၀၁၄ ခုႏွစ္က ျမန္မာႏိုင္ငံ စံခ်ိန္စံၫႊန္းဥပေဒ ထုတ္ျပန္ထားေပမယ့္ ဥပေဒအတိုင္း မလုပ္ေဆာင္ေသးဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ လွ်ပ္စစ္နဲ႔ပတ္သက္လို႔ လွ်ပ္စစ္မီးမမွန္တာ၊ အရည္အေသြး မျပည့္တာနဲ႔ လာဘ္စားတာေတြကို ျပည္သူက တိုင္ၾကားေပမယ့္ တာဝန္ယူမႈမရွိေသးဘူးလို႔ ဦးျမင့္ေဇာ္က ေျပာပါတယ္။ ႏိုင္ငံတကာ လွ်ပ္စစ္နဲ႔ေဆာက္လုပ္ေရးလုပ္ငန္းသုံးဆိုင္ရာ ပစၥည္းျပပြဲမွာ ျပခန္းေပါင္း ၇၀) ေက်ာ္ ပါဝင္ၿပီး အဂၤလန္နဲ႔ အေမရိကန္၊ တ႐ုတ္၊ ေဟာင္ေကာင္ စတဲ့ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံေက်ာ္ လာေရာက္ျပသခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024