A d v e r t i s e m e n t With Us

ချဲလ်ဆီးအသင်းပိုင်ရှင် လာအားပေးသည့်အတွက် နည်းပြလမ်းပတ် ကျေနပ်

ဆဲလ်ဘက်ချ်နဲ့ ခြေစမ်းပွဲမှာ ချဲလ်ဆီးအသင်းပိုင်ရှင် လာအားပေးတဲ့အပေါ်မှာ နည်းပြ လမ်းပတ်က  ကျေနပ်နေပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ သြစတြီးယားကလပ် ရက်ဒ်ဘူး ဆဲလ်ဘက်ချ်နဲ‌့ ‌ခြေစမ်းပွဲမှာ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်ကို အသင်းပိုင်ရှင်ဖြစ်သူ ရုရှား သူဌေး အေဗရာမိုဗစ် လာရောက် ကြည့်ရူအားပေးခဲ့ပါတယ်။ အေဗရာမိုဗစ်ဟာ နောက်ပိုင်းနှစ်တွေမှာ အသင်းရဲ့ပွဲစဉ်တွေကို လာရောက်ကြည့်ရူတာ မရှိသလောက်ရှားပါးခဲ့ပေမယ့် လမ်းပတ်ကိုင်တွယ်ပြီးနောက် သြစတြီးယားနိုင်ငံအထိ လိုက်ပါအားပေးခဲ့တာပါ။ ပွဲကြည့်စင်ပေါ်မှာ အသင်းပိုင်ရှင်လာအားပေးခဲ့တာက ကျေနပ်စရာဖြစ်ပြီး ရာသီမစခင် ဆွေးနွေးခွင့်ရတဲ့အတွက်လည်း ကောင်းမွန်တယ်လို့ လမ်းပတ်က ဆိုပါတယ်။ အေဗရာမိုဗစ်ဟာ အသင်းအပေါ်မှာ ဘယ်လောက်အထိ စိတ်ထဲမှာ ထည့် ထားသလဲဆိုတာကိုလည်း သိရှိပြီး ကစားသမားဘဝကတည်းက ရင်းနှီးတဲ့ဆက်ဆံရေး ရှိ ကြောင်းလည်း လမ်းပတ်က ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ မန်ယူနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲအဖြစ် လာမယ့်စနေနေ့မှာ ဂျာမန်ကလပ် မိုချန်ဂလာဘက်အသင်းနဲ့ ယှဉ်ပြိုင်ကစား သွားမှာဖြစ်ပါတယ်။
Zawgyi Version ခ်ဲလ္ဆီးအသင္းပိုင္ရွင္ လာအားေပးသည့္အတြက္ နည္းျပလမ္းပတ္ ေက်နပ္ DVB ဆဲလ္ဘက္ခ်္နဲ႔ ေျခစမ္းပြဲမွာ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ လာအားေပးတဲ့အေပၚမွာ နည္းျပ လမ္းပတ္က ေက်နပ္ေနပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ မေန႔က ကစားခဲ့တဲ့ ၾသစႀတီးယားကလပ္ ရက္ဒ္ဘူး ဆဲလ္ဘက္ခ်္နဲ‌့ ‌ေျခစမ္းပြဲမွာ ၅ ဂိုး ၃ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ အဲဒီပြဲစဥ္ကို အသင္းပိုင္ရွင္ျဖစ္သူ ႐ုရွား သူေဌး ေအဗရာမိုဗစ္ လာေရာက္ ၾကည့္႐ူအားေပးခဲ့ပါတယ္။ ေအဗရာမိုဗစ္ဟာ ေနာက္ပိုင္းႏွစ္ေတြမွာ အသင္းရဲ႕ပြဲစဥ္ေတြကို လာေရာက္ၾကည့္႐ူတာ မရွိသေလာက္ရွားပါးခဲ့ေပမယ့္ လမ္းပတ္ကိုင္တြယ္ၿပီးေနာက္ ၾသစႀတီးယားႏိုင္ငံအထိ လိုက္ပါအားေပးခဲ့တာပါ။ ပြဲၾကည့္စင္ေပၚမွာ အသင္းပိုင္ရွင္လာအားေပးခဲ့တာက ေက်နပ္စရာျဖစ္ၿပီး ရာသီမစခင္ ေဆြးေႏြးခြင့္ရတဲ့အတြက္လည္း ေကာင္းမြန္တယ္လို႔ လမ္းပတ္က ဆိုပါတယ္။ ေအဗရာမိုဗစ္ဟာ အသင္းအေပၚမွာ ဘယ္ေလာက္အထိ စိတ္ထဲမွာ ထည့္ ထားသလဲဆိုတာကိုလည္း သိရွိၿပီး ကစားသမားဘဝကတည္းက ရင္းႏွီးတဲ့ဆက္ဆံေရး ရွိ ေၾကာင္းလည္း လမ္းပတ္က ေျပာပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ မန္ယူနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မတိုင္ခင္ ေနာက္ဆုံး ေျခစမ္းပြဲအျဖစ္ လာမယ့္စေနေန႔မွာ ဂ်ာမန္ကလပ္ မိုခ်န္ဂလာဘက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစား သြားမွာျဖစ္ပါတယ္။  

A d v e r t i s e m e n t With Us

More News
Up