Home
မြန်မာသတင်း
မလေးရှားနိုင်ငံ အကြီးအကဲ ပြောကြားချက်အပေါ် မြန်မာကန့်ကွက်
DVB
·
August 1, 2019
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူဟာ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi Baharim ကို ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။  အမြဲတမ်း အတွင်းဝန်က မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ်၏ မကြာသေးမီက သတင်း မီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား နိုင်ငံသားပေးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေပေးသင့်က ကြောင်းနဲ့ မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့မှုအပေါ် ကန့်ကွက်ပြောကြားခဲ့ပါတယ်။ အမြဲတမ်းအတွင်းဝန်က အထက်ပါပြောကြားချက်တွေဟာ ရခိုင်ပြည်နယ်တွင် တည်ငြိမ် အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသိုက်အဝန်း များအကြား သဟဇာတဖြစ်မှုအတွက် ရေရှည် တည်တံ့မည့် အဖြေရရှိရန် မြန်မာအစိုးရနှင့် အာဆီယံတို့ ပူးပေါင်းဆောင်ရွက်နေမှုများကို အထောက်အကူမပြုဘူးလို့ဆိုပါတယ်။  ဒါ့အပြင်တစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် အချုပ်အခြာ အာဏာပိုင်ဆို င်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရန်ဟူသော အာဆီယံ၏ မူဝါဒများကိုလည်း သွေဖည်ရာရောက်ကြောင်းလည်းပြောပါတယ်။  ဒါ့အပြင် မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ပွားနေသည်ဟူသော တစ်ဖက်သတ် စွပ်စွဲပြောကြားမှုတွေဟာ အပြုသဘော မဆောင်တဲ့ အပြင် အာဆီယံပဋိညာဉ်ပါမူ ဝါဒများကိုလည်း ချိုးဖောက်ရာရောက်လို့ မြန်မာနိုင်ငံအနေနဲ့ လက်မခံကြောင်း ကန့်ကွက်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။
မေလးရွားႏိုင္ငံ အႀကီးအကဲ ေျပာၾကားခ်က္အေပၚ ျမန္မာကန႔္ကြက္ DVB ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူဟာ ရန္ကုန္ၿမိဳ႕အေျခစိုက္ ျမန္မာႏိုင္ငံဆိုင္ရာ မေလးရွားသံအမတ္ႀကီး H.E. Mr. Zahairi Baharim ကို ဇူလိုင္လ ၃၁ ရက္ေန.က ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ဧည့္ခန္းမမွာ ေတြ႕ဆုံခဲ့ပါတယ္။ အၿမဲတမ္း အတြင္းဝန္က မေလးရွားႏိုင္ငံ၊ ဝန္ႀကီးခ်ဳပ္၏ မၾကာေသးမီက သတင္း မီဒီယာႏွင့္ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့တဲ့ ျမန္မာႏိုင္ငံ အစိုးရအေနျဖင့္ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားအား ႏိုင္ငံသားေပးသင့္ေၾကာင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နယ္ေျမေပးသင့္က ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံတြင္ အစုလိုက္အၿပဳံလိုက္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ား ျဖစ္ေပၚေနေၾကာင္း ေျပာၾကားခဲ့မႈအေပၚ ကန႔္ကြက္ေျပာၾကားခဲ့ပါတယ္။ အၿမဲတမ္းအတြင္းဝန္က အထက္ပါေျပာၾကားခ်က္ေတြဟာ ရခိုင္ျပည္နယ္တြင္ တည္ၿငိမ္ ေအးခ်မ္းမႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အသိုက္အဝန္း မ်ားအၾကား သဟဇာတျဖစ္မႈအတြက္ ေရရွည္ တည္တံ့မည့္ အေျဖရရွိရန္ ျမန္မာအစိုးရႏွင့္ အာဆီယံတို႔ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ားကို အေထာက္အကူမျပဳဘူးလို႔ဆိုပါတယ္။ ဒါ့အျပင္တစ္ႏိုင္ငံ၏ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္း မျပဳရန္ႏွင့္ အခ်ဳပ္အျခာ အာဏာပိုင္ဆို င္မႈႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ေလးစားလိုက္နာရန္ဟူေသာ အာဆီယံ၏ မူဝါဒမ်ားကိုလည္း ေသြဖည္ရာေရာက္ေၾကာင္းလည္းေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ ျဖစ္ပြားေနသည္ဟူေသာ တစ္ဖက္သတ္ စြပ္စြဲေျပာၾကားမႈေတြဟာ အျပဳသေဘာ မေဆာင္တဲ့ အျပင္ အာဆီယံပဋိညာဥ္ပါမူ ဝါဒမ်ားကိုလည္း ခ်ိဳးေဖာက္ရာေရာက္လို႔ ျမန္မာႏိုင္ငံအေနနဲ႔ လက္မခံေၾကာင္း ကန႔္ကြက္ခဲ့တယ္လို႔ ႏိုင္ငံျခားေရးဌာနက သတင္းထုတ္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024