A d v e r t i s e m e n t With Us

ကျောက်တော်မြို့နယ်၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၊ အမျိုးသမီးငယ် ၁ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာမှာ ဇူလိုင် ၃၀ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသွားတာကြောင့် အမျိုးသမီးငယ်တဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး နေအိမ်တလုံး ပျက်စီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အဲဒီလိုပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ကျည်ထိသွားတဲ့ အမျိုးသမီးငယ် မမြတ်မြတ်သွယ် (၂၃) နှစ်ဟာ နေအိမ်ထဲမှာ ထမင်းချက်နေတာဖြစ်ပြီး သူတို့အိမ်ဘေးနားက အိမ်ကို ကျရောက်ပေါက်ကွဲပြီးမှ ဒဏ်ရာရခဲ့တာလို့ ဖခင်ဖြစ်တဲ့ ဦးအောင်လှစောက  ပြောပါတယ်။ “ကျနော့်အိမ်ဘေးက ကျနော့်ယောက္ခမနေတဲ့ အိမ်တဆောင်ရှိတယ်။ အဲဒီအိမ်က ဘုန်းခနဲပြိုသွားတယ်။ ပြိုသွားတယ်ဆိုတာမှ လုံးဝကို ပြိုသွားတာ။ ပြီးတော့ ကျနော့်အိမ်က ဘုရားကျောင်းရှိတယ်။ ဘုရားကျောင်းမှာမှန်တွေလည်း ကွဲထွက်သွားတယ်။ သမီးကနောက် ပြန်လှည့်ပြီးတော့ ထမင်းချက်နေတာမှာ ဘယ်လိုထိမှန်သွားမှန်းတောင် ကျနော်မသိတော့ဘူး”လို့ပြောပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရသူဟာ ကျောက်တော်မြို့နယ် ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။  လိပ်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြာပန်းကတော့ ၃၀ ရက်နေ့က သူတို့ရွာနဲ့ ၆ ဖာလုံလောက်အကွာမှာ တပ်မတော်စစ်ကြောင်း လှည့်လာစဉ် မိုင်းပေါက်ကွဲမှုဖြစ်တာကြောင့် တပ်မတော်က ခြောက်လှန့်ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။ “၉ နာရီ ၂၀ ခန့်မှာ မြန်မာ့တပ်မတာ်က ဒုက္ကန်ချောင်းဘက်က ဆင်းလာပါတယ်။ ဆင်းလာတော့ ကျနော်တို့ရွာနဲ့ ၆ ဖာလုံလောက်က မိုင်းတလုံးကွဲတယ်။ မိုင်းကွဲတော့ တပ်ကလည်း လှန့်ပြီးပစ်လိုက်တာပါ။ ပြောရမယ်ဆိုရင် တပ်ကလည်း စေတနာထားလို့ပေါ့။ ကျနော်တို့ နာယက ၂ ယောက်လိုက်သွားတယ်။ တပ်က အရာရှိက ပြောတယ်တဲ့၊ အပေါ်ကိုလှန့်ပြီးပစ်တာ။ မတော်တဆလည်း ကျရင်ကျသွားတာနေမှာပေါ့” လို့ ဦးကြာပန်းက ပြောပါတယ်။ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာ မအားသေးဘူးလို့ ပြောဆိုသလို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုဆက်သွယ်ရာမှာလည်း ဖုန်းလက်ခံဖြေကြား ခြင်း မရှိပါဘူး။ အဲ့ဒီပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်ဒဏ်ရာရသွားတဲ့အပြင် နေအိမ်လုံးပျက်စီးသွားပြီး နွားတကောင်သေဆုံးသွားသလို ရွာအတွင်းက ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တချို့က မှန်တွေလည်း ကွဲထွက်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ဦးမြို့နယ်မှာ လယ်ထဲသွားသူ ၄ ဦး ပစ်ခတ်ခံရမှုကြောင့် တဦးသေဆုံးသွားသလို ဇူလိုင် ၂၈ ရက် နေ့ ညနေပိုင်းမှာလည်း တပ်မတော်က သေနတ်နဲ့ လှမ်းပစ်ခဲ့လို့ INGO ဝန်ထမ်းတဦး ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှု ခံယူနေရပါတယ်။ အေအေနဲ့ တပ်မတာ်တို့ တိုက်ပွဲတွေ ပြင်းထန်လာပြီး နောက်ပိုင်းမှာ အဲ့ဒီတိုက်ပွဲတွေကြား အရပ်သား ၆၂ ယောက် သေဆုံးခဲ့ပြီး ၁၆၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။ ဝဏ္ဏခွာညို
ေက်ာက္ေတာ္ၿမိဳ႕နယ္၌ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲ၊ အမ်ိဳးသမီးငယ္ ၁ ဦးဒဏ္ရာရ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ လိပ္မေက်း႐ြာမွာ ဇူလိုင္ ၃၀ ရက္က လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲသြားတာေၾကာင့္ အမ်ိဳးသမီးငယ္တဦး လက္နက္ႀကီးက်ည္စ ထိမွန္ၿပီး ေနအိမ္တလုံး ပ်က္စီးသြားတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။ အဲဒီလိုပစ္ခတ္မႈျဖစ္တဲ့အခ်ိန္မွာ က်ည္ထိသြားတဲ့ အမ်ိဳးသမီးငယ္ မျမတ္ျမတ္သြယ္ (၂၃) ႏွစ္ဟာ ေနအိမ္ထဲမွာ ထမင္းခ်က္ေနတာျဖစ္ၿပီး သူတို႔အိမ္ေဘးနားက အိမ္ကို က်ေရာက္ေပါက္ကြဲၿပီးမွ ဒဏ္ရာရခဲ့တာလို႔ ဖခင္ျဖစ္တဲ့ ဦးေအာင္လွေစာက ေျပာပါတယ္။ “က်ေနာ့္အိမ္ေဘးက က်ေနာ့္ေယာကၡမေနတဲ့ အိမ္တေဆာင္ရွိတယ္။ အဲဒီအိမ္က ဘုန္းခနဲၿပိဳသြားတယ္။ ၿပိဳသြားတယ္ဆိုတာမွ လုံးဝကို ၿပိဳသြားတာ။ ၿပီးေတာ့ က်ေနာ့္အိမ္က ဘုရားေက်ာင္းရွိတယ္။ ဘုရားေက်ာင္းမွာမွန္ေတြလည္း ကြဲထြက္သြားတယ္။ သမီးကေနာက္ ျပန္လွည့္ၿပီးေတာ့ ထမင္းခ်က္ေနတာမွာ ဘယ္လိုထိမွန္သြားမွန္းေတာင္ က်ေနာ္မသိေတာ့ဘူး”လို႔ေျပာပါတယ္။ လက္ရွိမွာေတာ့ ဒဏ္ရာရသူဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရပါတယ္။ လိပ္မေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးၾကာပန္းကေတာ့ ၃၀ ရက္ေန႔က သူတို႔႐ြာနဲ႔ ၆ ဖာလုံေလာက္အကြာမွာ တပ္မေတာ္စစ္ေၾကာင္း လွည့္လာစဥ္ မိုင္းေပါက္ကြဲမႈျဖစ္တာေၾကာင့္ တပ္မေတာ္က ေျခာက္လွန႔္ပစ္ခတ္လိုက္တာလို႔ ဆိုပါတယ္။ “၉ နာရီ ၂၀ ခန႔္မွာ ျမန္မာ့တပ္မတာ္က ဒုကၠန္ေခ်ာင္းဘက္က ဆင္းလာပါတယ္။ ဆင္းလာေတာ့ က်ေနာ္တို႔႐ြာနဲ႔ ၆ ဖာလုံေလာက္က မိုင္းတလုံးကြဲတယ္။ မိုင္းကြဲေတာ့ တပ္ကလည္း လွန႔္ၿပီးပစ္လိုက္တာပါ။ ေျပာရမယ္ဆိုရင္ တပ္ကလည္း ေစတနာထားလို႔ေပါ့။ က်ေနာ္တို႔ နာယက ၂ ေယာက္လိုက္သြားတယ္။ တပ္က အရာရွိက ေျပာတယ္တဲ့၊ အေပၚကိုလွန႔္ၿပီးပစ္တာ။ မေတာ္တဆလည္း က်ရင္က်သြားတာေနမွာေပါ့” လို႔ ဦးၾကာပန္းက ေျပာပါတယ္။ ေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ေမးျမန္းရာမွာ မအားေသးဘူးလို႔ ေျပာဆိုသလို တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကိုဆက္သြယ္ရာမွာလည္း ဖုန္းလက္ခံေျဖၾကား ျခင္း မရွိပါဘူး။ အဲ့ဒီပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးငယ္ဒဏ္ရာရသြားတဲ့အျပင္ ေနအိမ္လုံးပ်က္စီးသြားၿပီး ႏြားတေကာင္ေသဆုံးသြားသလို ႐ြာအတြင္းက ဘုန္းေတာ္ႀကီးေက်ာင္းနဲ႔ ေနအိမ္တခ်ိဳ႕က မွန္ေတြလည္း ကြဲထြက္သြားတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ေျမာက္ဦးၿမိဳ႕နယ္မွာ လယ္ထဲသြားသူ ၄ ဦး ပစ္ခတ္ခံရမႈေၾကာင့္ တဦးေသဆုံးသြားသလို ဇူလိုင္ ၂၈ ရက္ ေန႔ ညေနပိုင္းမွာလည္း တပ္မေတာ္က ေသနတ္နဲ႔ လွမ္းပစ္ခဲ့လို႔ INGO ဝန္ထမ္းတဦး ဒဏ္ရာျပင္းထန္လို႔ ေဆးကုသမႈ ခံယူေနရပါတယ္။ ေအေအနဲ႔ တပ္မတာ္တို႔ တိုက္ပြဲေတြ ျပင္းထန္လာၿပီး ေနာက္ပိုင္းမွာ အဲ့ဒီတိုက္ပြဲေတြၾကား အရပ္သား ၆၂ ေယာက္ ေသဆုံးခဲ့ၿပီး ၁၆၅ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳး ႏြယ္မ်ားအစည္းအ႐ုံး REC က ထုတ္ျပန္ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up