A d v e r t i s e m e n t With Us

ဂျူဗင်တပ်ကွင်းလယ်လူ ခီဒီယာကို ၂ နှစ်စာချုပ်ဖြင့် အာဆင်နယ် ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်ကွင်းလယ်လူ ခီဒီယာကို ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။ ခီဒီယာဟာ ဂျူဗင်တပ်အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး အသင်းနဲ့   စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အာရွန်ရမ်ဆေး၊ ရာဘီယူး စတဲ့ ကွင်းလယ်ကစားသမားတွေကိုလည်း ဂျုဗင်တပ်အသင်းက ခေါ်ယူထားတာကြောင့် ခီဒီယာအနေနဲ့ ပွဲထွက်ခွင့်ရဖို့  ဆက်လက်ရုန်းကန်ရဖို့ရှိတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေတာပါ။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုရင်တော့ လုပ်ခလျော့ယူရမယ်လို့သိရပါတယ်။ အသက် ၃၂ နှစ်ရှိ ဂျာမနီကွင်းလယ်လူ ခီဒီယာဟာ ဂျူဗင်တပ်အသင်းမှာ တနှစ်လုပ်ခ  ၅.၅ သန်းနဲ့ တပတ်ကို ပေါင် တသိန်း ၆ ထောင်ရရှိနေတာပါ။ အာဆင်နယ်အသင်းကတော့ တပတ် လုပ်ခ ပေါင် ၇ သောင်းပဲ ပေးချေမှာဖြစ်ပါတယ်။
Zawgyi Version ဂ်ဴဗင္တပ္ကြင္းလယ္လူ ခီဒီယာကို ၂ ႏွစ္စာခ်ဳပ္ျဖင့္ အာဆင္နယ္ ကမ္းလွမ္း DVB အာဆင္နယ္အသင္းဟာ ဂ်ဴဗင္တပ္ကြင္းလယ္လူ ခီဒီယာကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္း ထားတယ္လို႔ သိရပါတယ္။ ခီဒီယာဟာ ဂ်ဴဗင္တပ္အသင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနသူျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္ သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။ အာ႐ြန္ရမ္ေဆး၊ ရာဘီယူး စတဲ့ ကြင္းလယ္ကစားသမားေတြကိုလည္း ဂ်ဳဗင္တပ္အသင္းက ေခၚယူထားတာေၾကာင့္ ခီဒီယာအေနနဲ႔ ပြဲထြက္ခြင့္ရဖို႔ ဆက္လက္႐ုန္းကန္ရဖို႔ရွိတာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနတာပါ။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံမယ္ဆိုရင္ေတာ့ လုပ္ခေလ်ာ့ယူရမယ္လို႔သိရပါတယ္။ အသက္ ၃၂ ႏွစ္ရွိ ဂ်ာမနီကြင္းလယ္လူ ခီဒီယာဟာ ဂ်ဴဗင္တပ္အသင္းမွာ တႏွစ္လုပ္ခ ၅.၅ သန္းနဲ႔ တပတ္ကို ေပါင္ တသိန္း ၆ ေထာင္ရရွိေနတာပါ။ အာဆင္နယ္အသင္းကေတာ့ တပတ္ လုပ္ခ ေပါင္ ၇ ေသာင္းပဲ ေပးေခ်မွာျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up