Homeမြန်မာသတင်း
သာစည်မြို့နယ် ရှေးဟောင်းဘုရားတွင် နှစ်ပေါင်း ၁၀၀ ကျော်ရှိ ကြေးခေါင်းလောင်းကြီး ခိုးယူခံရ

DVB
·
August 1, 2019
မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ဝမ်းသာကျေးရွာမှာ ဇူလိုင် ၃၀ ရက်မနက်က နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ကြေးခေါင်းလောင်းကြီး ခိုးယူခံရပါတယ်။
အဆိုပါ ကြေးခေါင်းလောင်းဟာ သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ပြီး အလောင်းစည်သူမင်း ပြန်လည်မွမ်းမံပြုပြင်ခဲ့တဲ့ ဖောင်တန့်နား ဘုရားစေတီမှာ ထားရှိတဲ့ ရှေးဟောင်းပစ္စည်း ဖြစ်ပါတယ်။
ဖောင်တန့်နား ဘုရားစေတီဂေါပကဦးဝင်းညွှန့်က "၃၀ ရက် မနက် ၁ နာရီ နဲ့ ၄ နာရီကြား ခိုးသွားတ ာထင်တယ်။ လွန်ခဲ့နှစ်ပေါင်း ၂၀ ကျော်ကလည်း အခိုးခံရဖူးတယ်။ ဘုရားတောင်ဘက်ဘေးမှာ သွေးစတွေနဲ့ ခေါင်းလောင်းကြီး ကျန်နေခဲ့တယ်။ အဲတုန်းက ပါမသွားခဲ့ဘူး။ အခုတခါကတော့ ရွာထဲက ဦးညွန့်မောင် ဘုရားဝတ်လာတက်တော့ ခေါင်းလောင်းကြီး မရှိတော့ဘူးလို့ အကြောင်းကြားတယ်။ ကျနော်တို့လာခဲ့တယ်၊ ဘုရားအနောက်ပေါက်က ထုတ်သွားတယ်။ ရေတွင်း ၂ တွင်းကြားက ပေ ၁၅၀၀ကျော်လောက် လှိမ့်ယူသွားတယ်။ ဘောလုံကွင်း အနောက်မြောက်ထောင့်မှာ ကားရပ်ထားပြီး တင်ယူသွားတယ်လို့ ယူဆတယ်။ လာရင်းက ဌာပနာဖောက်ဖို့ လာတာထင်တယ်၊ ကားရှပ်ကို အသွားလုပ်ထားတဲ့ သံချောင်းတ ခုကျန်နေခဲ့တယ်။ ခေါင်းလောင်းကြီးရဲ့ လုံးပတ်က ၇ ပေလောက်ရှိမယ်။ အမြင့်က ၃ ပေခွဲလောက်ပေါ့။ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်း ရှိမယ်။ ကျနော် အသက် ၆၁ နှစ်ရှိနေပြီ၊ ရွာထဲမှာ အသက် ၇၅ နှစ် ရှိတဲ့သူတွေက သူတို့ မမွေးခင်ကတည်းက ဒီခေါင်းလောင်းကြီး ရှိတယ် ဆိုတယ်။ အလှူရှင်က ဒေါ်တုတ်လို့ ကမ္ပည်းထိုးထားတယ်”လို့ ပြောပါတယ်။
အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်တဲ့အခါ သီရိဓမ္မာသောကမင်းကြီး တည်ထားတဲ့ လွတ်မြောက်ခြင်း အမည်ရ မုဋ္ဌောဘုရားစေတီ ပြိုပျက်နေတာကို ပြန်လည် မွမ်းမံပြုပြင်ခဲ့ပြီး ဖောင်တန့်နားစေတီလို့ အမည်တွင်ခဲ့ကာ ကျောက်စာအစား ကြေးပြားနဲ့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
ဘုရားစေတီမှာ အချင်း ၂ ပေခွဲ၊ အမြင့် ၃ပေခွဲ ကြေးပိသာချိန် ၁၀၀ ကျော်ရှိပြီး ရှင်အရဟံ တည်ထားတဲ့ သိမ်တော်တခုလည်း ရှိနေပါတယ်။
ဖောင်တန့်နား ဘုရားစေတီဂေါပက ဦးစိုးလွင်က “ကြေးအချိန် ပိဿာ တရာနဲ့အစိတ်လောက် ရှိမယ်။ ကြေး လိုချင်လို့ ခိုးတာလား၊ ရှေးဟောင်းခေါင်းလောင်းမို့ ခိုးတာလား မပြောတတ်ပါဘူး” လို့ ပြောပါတယ်။
သာစည်မြို့နယ် ရဲတပ်ဖွဲ့မြို့နယ်မှူးရဲမှူး အောင်ဇင်က “ဖောင်တန့်နားဘုရားစေတီက ကြေးခေါင်းလောင်းကြီး အခိုးခံရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို အမြန်ဆုံး ဖော်ထုတ်ဖို့ ညွှန်ကြားထားတယ်" လို့ ပြောပါတယ်။
သာစည်မြို့နယ် ဟံဇားရွာရဲစခန်းမှာ ဖောင်တန့်နားဘုရားစေတီက ကြေးခေါင်းလောင်းကြီးအား ခိုးယူသွားသူတွေကို သာသနာ ညှိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း
သာစည္ၿမိဳ႕နယ္ ေရွးေဟာင္းဘုရားတြင္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ရွိ ေၾကးေခါင္းေလာင္းႀကီး ခိုးယူခံရ DVB မႏၲေလးတိုင္း၊ သာစည္ၿမိဳ႕နယ္၊ ဝမ္းသာေက်း႐ြာမွာ ဇူလိုင္ ၃၀ ရက္မနက္က ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိ ေၾကးေခါင္းေလာင္းႀကီး ခိုးယူခံရပါတယ္။ အဆိုပါ ေၾကးေခါင္းေလာင္းဟာ သီရိဓမၼာေသာကမင္းႀကီး တည္ထားကိုးကြယ္ၿပီး အေလာင္းစည္သူမင္း ျပန္လည္မြမ္းမံျပဳျပင္ခဲ့တဲ့ ေဖာင္တန႔္နား ဘုရားေစတီမွာ ထားရွိတဲ့ ေရွးေဟာင္းပစၥည္း ျဖစ္ပါတယ္။ ေဖာင္တန႔္နား ဘုရားေစတီေဂါပကဦးဝင္းၫႊန႔္က "၃၀ ရက္ မနက္ ၁ နာရီ နဲ႔ ၄ နာရီၾကား ခိုးသြားတ ာထင္တယ္။ လြန္ခဲ့ႏွစ္ေပါင္း ၂၀ ေက်ာ္ကလည္း အခိုးခံရဖူးတယ္။ ဘုရားေတာင္ဘက္ေဘးမွာ ေသြးစေတြနဲ႔ ေခါင္းေလာင္းႀကီး က်န္ေနခဲ့တယ္။ အဲတုန္းက ပါမသြားခဲ့ဘူး။ အခုတခါကေတာ့ ႐ြာထဲက ဦးၫြန္႔ေမာင္ ဘုရားဝတ္လာတက္ေတာ့ ေခါင္းေလာင္းႀကီး မရွိေတာ့ဘူးလို႔ အေၾကာင္းၾကားတယ္။ က်ေနာ္တို႔လာခဲ့တယ္၊ ဘုရားအေနာက္ေပါက္က ထုတ္သြားတယ္။ ေရတြင္း ၂ တြင္းၾကားက ေပ ၁၅၀၀ေက်ာ္ေလာက္ လွိမ့္ယူသြားတယ္။ ေဘာလုံကြင္း အေနာက္ေျမာက္ေထာင့္မွာ ကားရပ္ထားၿပီး တင္ယူသြားတယ္လို႔ ယူဆတယ္။ လာရင္းက ဌာပနာေဖာက္ဖို႔ လာတာထင္တယ္၊ ကားရွပ္ကို အသြားလုပ္ထားတဲ့ သံေခ်ာင္းတ ခုက်န္ေနခဲ့တယ္။ ေခါင္းေလာင္းႀကီးရဲ႕ လုံးပတ္က ၇ ေပေလာက္ရွိမယ္။ အျမင့္က ၃ ေပခြဲေလာက္ေပါ့။ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္း ရွိမယ္။ က်ေနာ္ အသက္ ၆၁ ႏွစ္ရွိေနၿပီ၊ ႐ြာထဲမွာ အသက္ ၇၅ ႏွစ္ ရွိတဲ့သူေတြက သူတို႔ မေမြးခင္ကတည္းက ဒီေခါင္းေလာင္းႀကီး ရွိတယ္ ဆိုတယ္။ အလႉရွင္က ေဒၚတုတ္လို႔ ကမၸည္းထိုးထားတယ္”လို႔ ေျပာပါတယ္။ အေလာင္းစည္သူမင္း တိုင္းခန္းလွည့္လည္တဲ့အခါ သီရိဓမၼာေသာကမင္းႀကီး တည္ထားတဲ့ လြတ္ေျမာက္ျခင္း အမည္ရ မုေ႒ာဘုရားေစတီ ၿပိဳပ်က္ေနတာကို ျပန္လည္ မြမ္းမံျပဳျပင္ခဲ့ၿပီး ေဖာင္တန႔္နားေစတီလို႔ အမည္တြင္ခဲ့ကာ ေက်ာက္စာအစား ေၾကးျပားနဲ႔ မွတ္တမ္းတင္ထားတာ ေတြ႕ရပါတယ္။ ဘုရားေစတီမွာ အခ်င္း ၂ ေပခြဲ၊ အျမင့္ ၃ေပခြဲ ေၾကးပိသာခ်ိန္ ၁၀၀ ေက်ာ္ရွိၿပီး ရွင္အရဟံ တည္ထားတဲ့ သိမ္ေတာ္တခုလည္း ရွိေနပါတယ္။ ေဖာင္တန႔္နား ဘုရားေစတီေဂါပက ဦးစိုးလြင္က “ေၾကးအခ်ိန္ ပိႆာ တရာနဲ႔အစိတ္ေလာက္ ရွိမယ္။ ေၾကး လိုခ်င္လို႔ ခိုးတာလား၊ ေရွးေဟာင္းေခါင္းေလာင္းမို႔ ခိုးတာလား မေျပာတတ္ပါဘူး” လို႔ ေျပာပါတယ္။ သာစည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ၿမိဳ႕နယ္မႉးရဲမႉး ေအာင္ဇင္က “ေဖာင္တန႔္နားဘုရားေစတီက ေၾကးေခါင္းေလာင္းႀကီး အခိုးခံရတာနဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာ နယ္ေျမရဲစခန္းကို အျမန္ဆုံး ေဖာ္ထုတ္ဖို႔ ၫႊန္ၾကားထားတယ္" လို႔ ေျပာပါတယ္။ သာစည္ၿမိဳ႕နယ္ ဟံဇား႐ြာရဲစခန္းမွာ ေဖာင္တန႔္နားဘုရားေစတီက ေၾကးေခါင္းေလာင္းႀကီးအား ခိုးယူသြားသူေတြကို သာသနာ ညႇိဳးႏြမ္းေစမႈ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/၂၉၅ နဲ႔ အမႈဖြင့္ စုံစမ္းစစ္ေဆးေနပါတယ္။ သတင္း-ေမာင္ေမာင္လင္း