A d v e r t i s e m e n t With Us

ချဲလ်ဆီးနောက်ခံလူဟောင်း ဂယ်ရီကာဟေးလ်ကို ခေါ်ရန် ဘန်လေအသင်း ချိတ်ဆက်

ဘန်လေအသင်းဟာ ချဲလ်ဆီးနောက်ခံလူဟောင်း ဂယ်ရီကာဟေးလ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ အင်္ဂလန်နောက်ခံလူ ကာဟေးလ်ဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းသစ်ရှာဖွေနေတာလည်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ နောက်ခံလူကာဟေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းမှာ စုစုပေါင်း ၈ ပွဲပဲ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဘန်လေအသင်းဟာ ကာဟေးလ်အတွက်  တပတ်လုပ်ခပေါင် ၃ သောင်းနဲ့ ပွဲထွက်ခွင့်အပေါ်မူတည်ပြီး ဆုကြေးရရှိမယ့် စာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ကာဟေးလ်ကတော့ ပရီးမီးယားလိဂ်မှာ ဆက်ကစားနိုင်တဲ့ စွမ်းဆောင်ရည်ရှိသေးပြီး အားလပ်ရက်ကအပြန်မှာ သင့်တော်မယ့် အသင်းတသင်းကို ပြောင်းရွှေ့မယ်လို့ ပြောခဲ့ဖူးပါတယ်။
Zawgyi Version ျဖင့္ဖတ္ရန္ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဂယ္ရီကာေဟးလ္ကို ေခၚရန္ ဘန္ေလအသင္း ခ်ိတ္ဆက္ DVB ဘန္ေလအသင္းဟာ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဂယ္ရီကာေဟးလ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနပါတယ္။ အဂၤလန္ေနာက္ခံလူ ကာေဟးလ္ဟာ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ အသင္းသစ္ရွာေဖြေနတာလည္းျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ေနာက္ခံလူကာေဟးလ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းမွာ စုစုေပါင္း ၈ ပြဲပဲ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ဘန္ေလအသင္းဟာ ကာေဟးလ္အတြက္ တပတ္လုပ္ခေပါင္ ၃ ေသာင္းနဲ႔ ပြဲထြက္ခြင့္အေပၚမူတည္ၿပီး ဆုေၾကးရရွိမယ့္ စာခ်ဳပ္နဲ႔ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ ကာေဟးလ္ကေတာ့ ပရီးမီးယားလိဂ္မွာ ဆက္ကစားႏိုင္တဲ့ စြမ္းေဆာင္ရည္ရွိေသးၿပီး အားလပ္ရက္ကအျပန္မွာ သင့္ေတာ္မယ့္ အသင္းတသင္းကို ေျပာင္းေ႐ႊ႕မယ္လို႔ ေျပာခဲ့ဖူးပါတယ္။

A d v e r t i s e m e n t With Us

More News
Up