A d v e r t i s e m e n t With Us

ထိုင်းအမျိုးသမီး အတွင်းခံ အပ်ချုပ်သမတွေရဲ့ တိုက်ပွဲ

အမျိုးသမီးအတွင်းခံတွေ ထုတ်လုပ်တဲ့ နိုင်ငံတကာမှာ ကမ္ဘာကျော် Triumph International ကုမ္ပဏီကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အပ်ချုပ်သမတွေဟာ အခုဆိုရင် ကိုယ်ပိုင်စက်ရုံတခု ထောင်ပြီး အောင်မြင်နေကြပါပြီ။ သူတို့ စက်ရုံက ထုတ်တဲ့ အထည်တွေကို ဥရောပအထိ တင်ပို့ရောင်းချနေပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကုမ္ပဏီက အလုပ်သမားအင်အားလျှော့ချမယ်ဆိုပြီး အလုပ်သမား ၂၀၀၀ ကို အလုပ်ဖြုတ်တဲ့အထဲမှာ အဲဒီအပ်ချုပ်သမတွေလည်း အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အခုတော့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အပ်ချုပ်သမတွေရဲ့ ကိုယ်ပိုင်စက်ရုံကနေ အမှတ်တံဆိပ် “Try Arm” ဆိုတဲ့ အရည်အသွေးမြင့် အမျိုးသမီးအတွင်းခံတွေ ထုတ်လုပ်နေပါတယ်။ ဒီအကြောင်း ဘန်ကောက် တောင်ပိုင်း စမွတ်ပါခရာခွန် ကနေ သတင်းထောက် ကန်နီကာ ပက်ခ်ျခွိုင်းက သတင်းဆောင်းပါးပေးပို့ထားပါတယ်။ မယုယမိုး တင်ဆက်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up