အမေရိကန်သို့ လူမှောင်ခိုပို့သည့်ကွန်ရက်ကို ဖြိုခွင်း၊ လူ ၅၀ ခန့် ဖမ်းဆီး

1.1K
ကော်စတာရီကာနဲ့ ပနားမား အာဏာပိုင်တွေဟာ လူမှောင်ခို ကွန်ရက်တခုကို ဇူလိုင်လ ၃၀ ရက်နေ့က ဖြိုခွင်းပြီး လူ ၅၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ ကွန်ရက်ဟာ အမေရိကတိုက် အလယ်ပိုင်း လူတွေကို အမေရိကန်ပြည်ထောင်စုဆီ မှောင်ခို ပို့ဆောင်ပေးတယ်လို့ ဥပဒေအရာရှိတွေက ပြောပါတယ်။
ကော်စတာရီကာ လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ ဥပေဒအရာရှိတွေဟာ ပနားမား၊ နီကာရာဂွာနိုင်ငံတွေနဲ့ ထိစပ်တဲ့ နယ်စပ်နေရာ ၃၆ ခုကို ၀င်ရောက် စီးနင်းပြီး သံသယရှိသူ ၃၇- ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ကော်စတာရီကာ လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူက လူမှောင်ခိုဂိုဏ်း ကွန်ရက်ကို အာဖရိက၊ အာရှတိုက်ကနေ လုပ်ဆောင်ပြိး ဒေသတွင်းမှာတော့ ကျူဘားနဲ့ ပနားမား နိုင်ငံတွေကလုပ်ဆောင်တယ်လို့ ဆိုပါတယ်။
အာရှ၊ အာဖရိကက လာတဲ့လူတွေဟာ လေယာဉ်နဲ့ အီကွေဒေါ ၊ ပီရူးနဲ့ ဘရာဇီးတို့လို နိုင်ငံတွေဆီသွားပြီး အဲဒီကနေ ကိုလံဘီယာ၊ ပနားမားနဲ့ ကော်စတာရီကာ နိုင်ငံတွေဆီ ကုန်းလမ်းကနေ ၀င်ရောက်တယ်လို့ ရှင်းပြပါတယ်။
ပနားမားနိုင်ငံမှာတော့ အာဏာပိုင်တွေက အဲဒီကွန်ရက်နဲ့ ဆက်စပ်တဲ့ လူ ၁၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မကြာသေးခင်နှစ်တွေအတွင်း အဲဒီဒေသတွေကနေ အမေရိကန်ပြည်ထောင်စုဆီ ရွေ့ပြောင်းသွားသူအရေအတွက် ကြီးထွားခဲ့ပြီး သမ္မတ ထရမ့် အစိုးရနဲ့ မက္ကဆီကို၊ အမေရိကတိုက် အလယ်ပိုင်းက နိုင်ငံတွေအကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။
ဓာတ်ပုံ-ရိုက်တာ