အိန္ဒိယတွင် မြွေကိုက်ခံရသည့် အမျိုးသားက မြွေကိုအပိုင်းပိုင်းပြတ်အောင် ပြန်ကိုက်သတ်
အိန္ဒိယနိုင်ငံမှာ မြွေကိုက်ခံရတဲ့ အမျိုးသားတယောက်ဟာ အဲဒီမြွေကို အပိုင်းပိုင်းပြတ်အောင် ပြန်ကိုက်သတ်ခဲ့ပါတယ်။
ဥတ္တရာ ပရာဒေ့ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ရာဂ်ျကူမာဟာ ဇူလိုင် ၂၈ ရက်က သူ့အိမ်မှာ အရက်ထိုင်သောက်နေချိန် အိမ်ထဲကို မြွေတကောင်ဝင်လာပြီး သူ့ကို ကိုက်ခဲ့တာပါ။
အဲဒီနောက် ရာဂ်ျကူမာဟာ မြွေကို အပိုင်းပိုင်းပြတ်အောင် ပြန်ကိုက်သတ်ခဲ့တယ်လို့ သူရဲ့ ဖခင်က ပြောပါတယ်။
ရာဂ်ျကူမာကို နီးစပ်ရာဆေးရုံတရုံဆီ အမြန်ပို့ပေးခဲ့ပြီး လက်ရှိမှာတော့ သူဟာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
“ဒါကတော်တော်လေးကို ထူးဆန်းတယ် မြွေကိုက်လို့ ရောက်လာတဲ့ လူနာတွေကိုပဲ တွေ့ဘူးတယ်။ မြွေကိုပြန်ကိုက်သတ်ပြီး အိတ်နဲ့တခါတည်း သယ်လာတဲ့ လူနာကိုတော့ တခါမှ မတွေ့ဖူးဘူး။” လို့ သူ့ကို ကုပေးတဲ့ ဆရာဝန်က ပြောပါတယ်။
ဓာတ်ပုံ- ရိုက်တာ