အီသီယိုးပီးယားတွင် ကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရန် သစ်ပင် သန်း ၃၅၀ စိုက်ပျိုး

1K
အီသီယိုးပီးယားနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ ကန္တာရဖြစ်ထွန်းမှုတွေကို တိုက်ဖျက်ဖို့ သစ်ပင်ပေါင်း သန်း ၃၅၀ စိုက်ပျိုးခဲ့တယ်လို့ အီသီယိုးပီးယားအစိုးရက ပြောပါတယ်။
ဒါဟာ တရက်တည်း သစ်ပင်အရေအတွက် အများဆုံးစိုက်တဲ့ ကမ္ဘာ့စံချိန်တင်မလား ဆိုတာကိုတော့ အခုချိန်ထိ မကြေညာသေးပါဘူး။
အဲဒီ အစိမ်းရာင်လှုပ်ရှားမှုကို အီသီယိုပီးယား ဝန်ကြီးချုပ် အာဘီအာမတ် ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး အစိုးရ ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အီသီယိုးပီးယားနိုင်ငံမှာ သစ်တော ဖုံးလွှမ်းမှုနှုန်းဟာ ၁၉၉၀ ပြည့်နှစ်က ၃၅ ရာခိုင်နှုန်း ရှိခဲ့ပြီး လက်ရှိမှာတော့ ၄ ရာခိုင်နှုန်း လောက်အအထိ ကျဆင်းလာတယ်လို့ ကုလသမဂ္ဂ က ဖော်ပြပါတယ်။
ဒါကြောင့် သစ်တောဧရိယာ ပြန်လည်ဖော်ဆောင်ရေးနဲ့ သစ်တောဖြစ်ထွန်းမှု နည်းလမ်းတွေအတွက် လှုပ်ရှားမှု ပုံစံတွေကို အစိုးရက အသုံးပြုနေပါတယ်။
ဓာတ်ပုံ- Bigthink.com