A d v e r t i s e m e n t With Us

ကမ္ဘောဒီးယားနိုင်ငံထဲ တရားမဝင်အမှိုက်တင်သွင်းသည့် ကုမ္ပဏီများကို ဒဏ်ရိုက်မည်

ကမ္ဘောဒီးယားနိုင်ငံထဲကို တရားမဝင်အမှိုက်တင်သွင်းလာတဲ့ ကုမ္ပဏီတွေကို အမေရိကန် ဒေါ်လာ ၂သိန်းခွဲကျော်ထိ ဒဏ်ရိုက်မယ်လို့ ကမ္ဘောဒီးယား အာဏာပိုင်တွေက သတိပေး ပြောပါတယ်။ တရုတ်နိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံထဲကို မနှစ်က အမှိုက်တင်သွင်းမှု တစိတ်တပိုင်း တားမြစ်လိုက်ပြီးနောက် ၁ နှစ်ကို ပလက်စတစ် အမှိုက်တန်ချိန် ၇ သန်း ထွက်တဲ့ ကမ္ဘာ့ အမှိုက်စီးဆင်းမှု လမ်းကြောင်း အခက်တွေ့ ခဲ့ရပါတယ်။  အဲဒါကြောင့် အနောက်နိုင်ငံတွေက  ပလက်စတစ်အမှိုက်တွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေဆီ စုပြုံရာက်လာကြပါတယ်။  အမေရိကန်နဲ့ ကနေဒါကနေ အမှိုက်တန်ချိန် ၁၆၀၀ ကျော် တရားမဝင် တင်သွင်း လာတာနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားအခြေစိုက် တရုတ်ကုမ္ပဏီတခုကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ အာဏာပိုင် တွေက ဇူလိုင် ၁၉ ရက်နေ့မှာ ပြောပါတယ်။ အဲဒီတရုတ်ကုမ္ပဏီက တရားမဝင်တင်သွင်းလာတဲ့  အမှိုက်ကုန်သေတ္တာ ၈၃ လုံးကို ဆိပ်ကမ်းမှာ ရှာတွေ့ခဲ့တယ်လို့ ကမ္ဘောဒီးယား အကောက်ခွန်နဲ့ ယစ်မျိုးခွန်ဌာန ညွှန်ကြားရေးမှူးချုပ် ခွန်နမ်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။  အဲဒီအမှိုက်ကုန်သေတ္တာတွေဟာ ၂၀၁၈ အောက်တိုဘာလကတည်းက ရောက်နေတာဖြစ်ပြီး ပြန်လည်သန့်စင် အသုံးပြုမယ့် ကုန်ပစ္စည်းတွေလို့ တံဆိပ်တု ကပ်ထားတယ်လို့ ကမ္ဘောဒီးယား သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီးက ပြောပါတယ်။ ဓာတ်ပုံ- Ministry of Environment Cambodia

A d v e r t i s e m e n t With Us

More News
Up