A d v e r t i s e m e n t With Us

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီ အမြတ်ငွေ ထက်ဝက်လျော့ကျသွား

တောင်ကိုရီးယားဈေးကွက်ထဲမှာ ရောင်းလိုအားများနေတဲ့ memory chipsပြားတွေ ဈေးကျနေတာကြောင့်  တောင်ကိုရီးယားရဲ့ ဆမ်ဆောင်း အီလက်ထရာနစ် ကုမ္ပဏီက သူတို့ရဲ့ ဘဏ္ဍာနှစ် ဒုတိယ ၃လပတ်အတွင်း အမြတ်ငွေ ထက်ဝက်လျော့ကျသွားတယ်လို့ ဇူလိုင် ၃၁ ရက်က ပြောလိုက်ပါတယ်။  ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဆမ်ဆောင်း ကုမ္ပဏီရဲ့ ၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ ဒုတိယ ၃လပတ် အမြတ်ငွေဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ရရှိခဲ့ပါတယ်။  အဲဒီပမာဏဟာ ၂၀၁၈ ဘဏ္ဍာနှစ် ရဲ့ ကာလတူ အမြတ်ငွေနဲ့ နှိုင်းယှဉ်ရင် ၅၀ ရာခိုင်နှုန်းကျော် လျော့ကျသွားမယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။  memory chips လုပ်ငန်းလောကဟာ ၂ နှစ်ကျော်လောက် တရှိန်ထိုးမြင့်တက်ခဲ့ ပြီးနောက် လက်ရှိအချိန်မှာ ဝယ်လိုအား တဖြည်းဖြည်း ပြန်လျော့ကျလာတာကြောင့် ဈေးနှုန်းတွေလည်း ကျဆင်းလာခဲ့ပါတယ်။  memory chips ဝယ်လိုအား ပြန်ကောင်းလာတဲ့ အခြေအနေထိ ဆက်ထိန်းထားဖို့ ရင်းနှီးမြုပ်နှံမှုနဲ့ ထုတ်လုပ်မှုတွေ လျော့ချသွားမယ်လို့ ဆမ်ဆောင်းရဲ့ပြည်တွင်း ပြိုင်ဘက်ဖြစ်တဲ့ SK ဟိုင်းနစ်ခ်စ် အင်တာနေရှင် ကုမ္ပဏီက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up