ပါကစ္စတန် ရဲစခန်းအနီး ဆိုင်ကယ်ဖြင့် ဗုံးခွဲတိုက်ခိုက်၊ လူ ၅ ဦးသေဆုံး

783
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကုအိတာမြို့က ရဲစခန်းတခုအနီးမှာ ဇူလိုင် ၃၀ ရက် ပေါက်ကွဲမှု ကြောင့်လူ ၅ ယောက် သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ပါဝင်ပြီး ရဲစခန်း အပြင်မှာ မော်တော်ဆိုင်ကယ် တစီးကို ဗုံးတပ်ပြီး ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။
ဇူလိုင်လ ၂၃ ရက်ကလည်း မြို့တွင်း ဆိုင်တဆိုင်ရဲ့ အပြင်ဘက်မှာ အခုလို မော်တော်ဆိုင်ကယ်မှာ ဗုံးတပ်ဖောက်ခွဲတာကြောင့် လူ ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အာဖဂန်၊ အီရန် တို့နဲ့ နယ်နမိတ် ထိစပ်နေတဲ့ ဘာလူချီစတန်ပြည်နယ်မှာ အကြမ်းဖက်မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ လုံခြုံရေးအတွက် စိုရိမ်စိတ်တွေ ဖြစ်စေပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံ အနောက်ပိုင်းကနေ ပါကစ္စတန် တောင်ပိုင်း ဂွါဒါဆိပ်ကမ်းမြို့ကို ပိုက်လိုင်းသွယ်တန်းမယ့် စီမံကိန်းအတွက် ပူပန်စရာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-AFP