A d v e r t i s e m e n t With Us

မလေးရှားဘုရင်သစ် ဆူလ်တန် အဗ္ဗဒူလာ နန်းတက်ပွဲကျင်းပ

မလေးရှားနိုင်ငံရဲ့ ၁၆ ယောက်မြောက် ဘုရင် ဆူလ်တန် အဗ္ဗဒူလာရဲ့ နန်းတက်ပွဲ အခမ်းအနားကို ဇူလိုင် ၃၀ ရက်က ကွာလာလမ်ပူမြို့မှာ ကျင်းပပါတယ်။  ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဘုရင် ဆူလ်တန် မိုဟာမက်  ရုတ်တရက် နန်းစွန့်သွားပြီး နောက်မှာ ဆူလ်တန် အဗ္ဗဒူလာက အရိုက်အရာ ဆက်ခံခဲ့တာပါ။  ဒါဟာ မလေးရှားသမိုင်းမှာ  ဘုရင်သက်တမ်း ၅- နှစ်မပြည့်ခင် ပထမဆုံးအကြိမ် ထီးနန်းစွန့်တာဖြစ်ပါတယ်။  ဆူလ်တန် အဗ္ဗဒူလာဟာ ဘောလုံးဝါသနာရှင် တစ်ဦး ဖြစ်ပြီး သူဟာ အရင်က အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းခဲ့ဖူးပါတယ်။ မလေးရှားရဲ့တော်ဝင် မင်းဆွေမင်းမျိုး ၉ ယောက်ဟာ ဘုရင်အဖြစ် အလှည့်ကျ တာဝန်ယူရပါတယ်။  သူတို့ကို အုပ်ချုပ်သူများကောင်စီကနေ မဲပေးရွေးချယ်ကြတာပါ။  မလေးရှားနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးပြီး ဘုရင်ဟာ မွတ်စလင် အများစု နိုင်ငံမှာ အစ္စလာမ်ဘာသာအား ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် အပါအ၀င် ပွဲတက် အခမ်းအနားတွေမှာ အထင်ကရနေရာက ပါဝင်ပါတယ်။ ဓာတ်ပုံ- AFP

A d v e r t i s e m e n t With Us

More News
Up