A d v e r t i s e m e n t With Us

ပီရူးနိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုကြောင့်  လူ ၁၉ ဦးသေဆုံး 

ပီရူးနိုင်ငံမှာ ဇူလိုင်လ ၂၉ ရက် ညပိုင်းက ဘတ်စ်ကား တိမ်းမှောက်တာကြောင့် လူ ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အဲဒီဘတ်စ်ကားဟာ လီမာမြို့ကို ဦးတည်မောင်းနှင်လာတာဖြစ်ပြီး အမျိုးသမီး ၁၁ ယောက်နဲ့ အမျိုးသား ၈ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ အသက်ရှင်ခဲ့တဲ့ တဦးတည်းသော မိန်းကလေးငယ်ကိုတော့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ယာဉ်တိမ်းမှောက်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ယာဉ်မောင်းဟာ ကားမောင်းနေချိန်မှာ အာရုံများနေတယ်လို့ သေဆုံးသူတစ်ဦးရဲ့ မိသားစုဝင်ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဓာတ်ပုံ- DD News

A d v e r t i s e m e n t With Us

More News
Up