မန်ယူနောက်ခံလူဟောင်း အီဗရာ ကစားသမားဘ၀က အနားယူ

983
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း အီဗရာဟာ ကစားသမားဘ၀ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဘယ်နောက်ခံလူ အီဗရာဟာ မန်ယူနိုက်တက်မှာ ၂၀၀၆ ကနေ ၂၀၁၄ အထိ ကစားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအ၀င် အဓိကကျတဲ့ ဆုဖလား ၉ ခုအထိ ရယူနိုင်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် အီဗရာဟာ အနှစ် ၂၀ကြာ ကစားသမားဘ၀ကနေ အနားယူလိုက်ပြီး နည်းပြ အလုပ်ကို လုပ်ဖို့ သင်တန်းတွေ တက်နေပါတယ်။
သူဟာ ဂျုဗင်တပ်နဲ့ ပြင်သစ်ကလပ် မိုနာကို၊ မာဆေး စတဲ့ အသင်းတွေမှာလည်း ကစားခဲ့ပါတယ်။ အီဗရာဟာ ပြင်သစ် လက်ရွေးစင် အသင်းအတွက်တော့ ပွဲပေါင်း ၈၁ ပွဲ ကစားပေးထား ပါတယ်။
ဓာတ်ပုံ-The 18