A d v e r t i s e m e n t With Us

စက်မှုဌာနတာဝန် စီမံဘဏ္ဍာဝန်ကြီး တွဲကိုင်မည်

ရာထူးကနုတ်ထွက်သွားတဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ တာဝန်တွေကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းအနေနဲ့  ပူးတွဲထမ်းဆောင်စေဖို့ သမ္မတရုံးက ဇူလိုင် ၃၀ ရက်စွဲနဲ့ အမိန့် ထုတ်လိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၂ တို့အရ ဇူလိုင် ၃၀ ရက်နေ့က စပြီး တာဝန်ပေးလိုက်တာလို့  သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးခင်မောင်ချိုဟာ သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်သွားတယ်လို့  ဇူလိုင် ၂၆ ရက်က သမ္မတက အမိန့်ထုတ်ကြေညာထားပါတယ်။ ဓာတ်ပုံ-Thai Biz Myanmar

A d v e r t i s e m e n t With Us

More News
Up