မုဒိမ်းမှုဖြင့် စွပ်စွဲခံနေရသည့် နေမာ၏အမှုကို ဘရာဇီးရဲတပ်ဖွဲ့ ပိတ်သိမ်း
အဓမ္မပြုကျင့်မှုနဲ့ စစ်ဆေးခံနေရတဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူး နေမာရဲ့အမှုကို သက်သေမခိုင်လုံလို့ ဘရာဇီး ရဲတပ်ဖွဲ့က ပိတ်သိမ်းကြောင်း ကြေညာပါတယ်။
နေမာဟာ ဘရာဇီးမော်ဒယ်တဦးဖြစ်တဲ့ နာဂျီလာကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဟိုတယ် အခန်းထဲမှာ အဓမ္မပြုကျင့်ခဲ့တာလို့ စွပ်စွဲခံခဲ့ထားရတာပါ။
ဟိုတယ်အခန်းထဲမှာ နေမာနဲ့ နာဂျီလာတို့ ရန်ဖြစ်နေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရောက်သွားခဲ့ ပေမယ့်လည်း သက်သေအထောက်အထား ခိုင်လုံမှုမရှိဘူးဆိုပြီး ဆော်ပေါ်လိုမြို့ တရားရုံးက အမှုပိတ် သိမ်းသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါစွပ်စွဲချက်နဲ့ ပတ်သက်ပြီး နေမာဘက်က အင်စတာဂရမ်မှာ ဗီဒီယိုရိုက်တင်ပြီး မဟုတ်မှန်ကြောင်းဖြေရှင်းခဲ့ပါတယ်။
အမှုပိတ်သိမ်းကြောင်း နောက်ဆုံးအတည်ပြုချက်ကိုတော့ တရားသူကြီးက ဆုံးဖြတ်ချက်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ-AFP