A d v e r t i s e m e n t With Us

ဘောလုံးနည်းပြဘ၀ကို မော်ရင်ညို လွမ်းဆွတ်သတိရနေ 

ဘောလုံးနည်းပြဘ၀ကို လွမ်းဆွတ်သတိနေပြီဖြစ်တယ်လို့ ပေါ်တူဂီနည်းပြ မော်ရင်ညိုက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။  နည်းပြမော်ရင်ညိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက မန်ယူအသင်း နည်းပြရာ ထူးကနေ ထုတ်ပယ်ခံလိုက်ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေ တာဖြစ်ပါ။  အားလပ်ရက်ရနေတဲ့ အပေါ်မှာ ပျော်ရွှင်ကျေနပ်စရာ ဖြစ်သင့်ပေမယ့်လည်း စိတ်ပျက်မိ နေကြောင်း နည်းပြ မော်ရင်ညိုက  ပြောပါတယ်။   အသက်၅၆နှစ်ရှိ နည်းပြမော်ရင်ညိုဟာ  အသင်းဟောင်းဘင်ဖီကာရဲ့ ကမ်းလှမ်းမူကိုခံခဲ့ ရ ပေမယ့်လည်း ပယ်ချသွားခဲ့သလို တရုတ်စူပါလိဂ်က ကလပ်အသင်းတစ်သင်းရဲ့ ပေါင်၈၈သန်းတန် စာချုပ်ကိုလည်း လက်မခံဘဲ ငြင်းပယ်ထားပါတယ်။ ဓာတ်ပုံ-ရိုက်တာ

A d v e r t i s e m e n t With Us

More News
Up