Home
မြန်မာသတင်း
ရေငုပ်သင်္ဘောဟောင်း ၁ စီး အိန္ဒိယက မြန်မာကို လွှဲပြောင်းပေးမည် 
DVB
·
July 31, 2019
ရေငုပ်သင်္ဘောဟောင်းတစီး အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ဒီနှစ်မကုန်ခင် လွှဲပြောင်းပေးအပ် သွားဖို့ ရှိနေတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။  မြန်မာရေတပ်က ပထမဆုံး ပိုင်ဆိုင်ခွင့်ရမယ့် ရေငုပ်သဘောင်္ဟာ Kilo Class အမျိုးအစားဖြစ်ပြီး လောလောဆယ်မှာ အင်ဒရာပရာဒရှ်ပြည်နယ်၊ ဗီဇဂ်မြို့ရှိ ဟိန္ဒူစတန် သင်္ဘောကျင်းမှာ  အဆင့်မြှင့် တင်နေတယ်လို့ ဆိုပါတယ်။ INS Sindhuvir လို့ အမည်ပေးထားတဲ့ ဒီရေငုပ်သင်္ဘာကို အိန္ဒိယနိုင်ငံက ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ရုရှားနိုင်ငံဆီက ၀ယ်ယူထားတာပါ။ မြန်မာတပ်မတော်အနေနဲ့ ရေငုပ်သင်္ဘော ပိုင်ဆိုင်ဖို့အတွက် အရင်ကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး ဒီသတင်းထွက်ပေါ်လာချိန်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကသွားခဲ့တဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း စိန့်ပီတာစဘတ်မြို့က ရေတပ်စခန်းမှာ ရေငုပ်သင်္ဘော ထုတ်လုပ်တာတွေကို ကြည့်ရှုလေ့လာခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024