A d v e r t i s e m e n t With Us

လားရှိုး Gold Luck Water Park ကစားကွင်းက  ဆေးသုတ်လုပ်သားများ လုပ်ခမရသဖြင့် ဆန္ဒပြ

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ  Gold Luck Water Park ကစားကွင်းက နေ့စားလုပ်​အားခ မရတဲ့ ဆေးသုတ်အလုပ်​သမားတွေဟာ ဒီကနေ့ မနက်က လားရှိုးမြို့အတွင်း စီတန်းလှည့်လည်  ဆန္ဒပြကြပါတယ်။ လားရှိုးမြို့၊ ရပ်​ကွက်​ ၁၁ ရှိ Gold Luck Water Park ကစားကွင်း လုပ်ငန်းခွင်က  ​ဆေးသုတ်​လုပ်​သား ၁၅ ​ယောက်​အတွက်​ လုပ်​အားခ ကျပ်သိန်း ၁၃၀ ကျော်ကို အလုပ်ရှင်က ရှင်းမ​ပေးလို့ အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုကြတာ ဖြစ်​ပါတယ်​။ ဆန္ဒပြတဲ့ ဆေးသုတ်​လုပ်​သား​တွေဟာ ရေပန်းဥယျာဉ်ကစားကွင်းမှာ ၂၀၁၈ ခုနှစ်​ အောက်တိုဘာကစပြီး ၂၀၁၉ ခုနှစ်​ ဇူလိုင် ၁၆ ရက်အထိ ဆေးသုတ်လုပ်​ငန်းကို လုပ်ကိုင်ခဲ့ကြ​ပေမယ့် အလုပ်ရှင် ဦးရဲနိုင်က လုပ်​အားခ အပြည့်အဝရှင်းမ​ပေးတာ​ကြောင့်​ ဆန္ဒပြ​ရတာလို့   အလုပ်​သမား​ခေါင်းဆောင် ကို​ယောဟန်​က​ပြောပါတယ်​။ "ကျ​နော်​ ဦးရဲနိုင်​နဲ့ အလုပ်​စလုပ်​ခဲ့ချိန်​က စာချုပ်​ချုပ်​ဆိုပြီးလုပ်​ထားတာရှိပါတယ်​၊ အဲ့ဒါ​တွေကပြီးသွားပါပြီ။ အခုရမယ့် ပိုက်​ဆံ​တွေက စာချုပ်​အပြင်​ ပုတ်​ပြတ်​ယူပြီးလုပ်​ထားတဲ့ ပိုက်​ဆံ​တွေကို မရှင်း​ပေးတာပါ။ ကျ​နော့်​အ​နေနဲ့ လုပ်​ငန်းအားလုံးကို ဇူလိုင်​လ ၁၆ ရက်​က​ နောက်​ဆုံးထားပြီးလုပ်​​ပေးခဲ့ပြီး​ပေမယ့်​ ဦးရဲနိုင်​က လုပ်​အားခ ရှင်းမ​ပေးဘူး။ ကျနော်တို့ လုပ်​အားခမရ​တော့ စားဝတ်​​နေ​ရေးနဲ့ ဒီရက်​မှာ ​နေမ​ကောင်းလို့​ ဆေးခန်းသွားစရာ ပိုက်​ဆံမရှိပါဘူး။ ဒါ​ကြောင့်​ ကျ​နော်​တို့ လုပ်​အားခ အမြန်​ရဖို့ ဒီ​နေ့ ဆန္ဒ​ဖော်​ထုတ်​တာပါ"  ဆန္ဒပြရာမှာ ပါဝင်​တဲ့ အလုပ်​သမားတ​ဦးကလည်း “ကျ​နော်​ ဦးရဲနိုင်​ခြံထဲမှာ အလုပ်​လုပ်​တာ ၂၀၁၈ ခုနှစ်​ ၄ လပိုင်းကတည်းကပါ။ လုပ်​အားခ ၄၅ ရက်​စာ တရက်​ကို တသောင်းခွဲနဲ့ ​၆ သိန်း​ကျော်​ရမှာပါ။ ကျ​နော်​တို့ လုပ်​အားခကို အမြန်​ဆုံးရှင်း​ပေးဖို့​တောင်းဆိုပါတယ်​"လို့ ပြောပါတယ်​။ အလုပ်​ရှင်​ထံကရမယ့် လုပ်အားခက စုစုပေါင်း  ငွေကျပ် ၁၃၄ သိန်းဖြစ်ပြီး ဒီငွေတွေ ပြန်ရဖို့ အလုပ်​သမား​ခေါင်း​ဆောင်​အ​နေနဲ့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေး ကော်မတီထံ တိုင်ကြားထားပါတယ်။ အလုပ်​သမား​တွေကို လုပ်အားခရှင်းမ​ပေးတဲ့ ကိစ္စနဲ့ပတ်​သက်​ပြီး Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်​ကို​မေးမြန်းမှာ​တော့ သူအ​နေနဲ့ အလုပ်​အားခရှင်းမ​ပေးတာမဟုတ်​ဘဲ အလုပ်​ သမား​ခေါင်း​ဆောင်​အ​နေနဲ့ လုပ်​ငန်းပြီးပြတ်​​အောင်​ လုပ်​မ​ပေးလို့​​ ငွေမ​ပေးရ​သေးတာလို့ ပြောပါတယ်​။ "ကျ​နော်​က ရှင်းမ​ပေးတာမဟုတ်​ဘူး သူတို့အလုပ်​မပြီးပြတ်​​သေးတာ။ ကျ​နော်​ အလုပ်​လုပ်​တာ ​ယောဟန်​တယောက်​ထဲနဲ့ပဲ စာချုပ်​ချုပ်​ပြီးလုပ်​တာ။ ကျန်​တဲ့အလုပ်​သမား လုပ်​အားခ မရတာ ကျ​နော်​နဲ့မဆိုင်​ဘူး။ ယောဟန်​​ပေးရမှာဖြစ်​တယ်​" လို့ ဦးရဲနိုင်​က​ပြောပါတယ်​။ အလုပ်​ရှင်​ဦးရဲနိုင်​အ​နေနဲ့ ကို​ယောဟန်​ကို လုပ်​ငန်း ကန်​ထရိုက်​​ပေးပြီး လုပ်​ခိုင်း​စေခဲ့ တာလို့ပြော​ပေမယ့် အလုပ်​သမား​ခေါင်း​ဆောင်​ ကို​ယောဟန်​​ကတော့ သူဟာ အလုပ်​သမား​ခေါင်း​ဆောင်​အဖြစ်​သာလုပ်​ကိုင်​ခဲ့ပြီး လုပ်​ငန်းရှင်​က လုပ်​ခ ရှင်းမ​ပေးလို့ သူတာဝန်​ယူပြီး ခေါ်ထားတဲ့ အလုပ်​သမား ၁၄ ​ယောက်​ကို လုပ်​အားခမရှင်း​ပေးနိုင်​ဘူး ဆိုပြီး အလုပ်​ရှင် ​အလုပ်​သမားကြား အငြင်းပွားမှုလည်း ရှိနေပါတယ်​။ Gold Luck Water Park ​​ရေပန်းဥယျာဉ်​ကစားကွင်း စတင်​​ဆောက်​လုပ်​စဉ်​က ပန်​ရံလုပ်​သားတွေကို လုပ်​အားခ ကျပ် သိန်း ၁၀၀ လောက် ရှင်းမ​ပေးလို့ စာရင်းကွာဟတဲ့ ပြဿနာနဲ့ ပန်ရံ​အလုပ်​သမား​ခေါင်း​ဆောင်​ကို တရားစွဲခဲ့ပြီး ခုချိန်​ထိ အမှုမရုပ်​သိမ်းသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up