ချီလီကျွန်းတကျွန်းပေါ်တွင် ဒီဇယ်ဆီများယိုဖိတ်မှု စုံစမ်းစစ်ဆေး
ချီလီနိုင်ငံ ပါတာဂိုးနီးယား ကမ်းရိုးတန်းတောင်ပိုင်းစွန်းက ကျွန်းတကျွန်းပေါ်မှာ ဒီဇယ်ဆီ လီတာ ၄၀၀၀၀ လောက် ယိုဖိတ်ခဲ့လို့ ချီလီအစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။
ဂွါရဲလိုကျွန်းပေါ်က ကမ်းခြေစခန်းမှာ ယိုဖိတ်ခဲ့တာလို့ CAP သတ္ထုတွင်းကုမ္ပဏီက ဇူလိုင် ၂၇ ရက်မှာ အစီရင်ခံပါတယ်။
ဒီနေရာဟာ ပွာတိုနာတာလက်စ်မြို့ရဲ့ မြောက်ပိုင်း မိုင် ၁၅၀ အကွာမှာ ရှိတယ်လို့ ရေတပ်က ပြောပါတယ်။
ညစ်ညမ်းမှု တုံ့ပြန်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းတွေကို အစိုးရက စလုပ်နေပါပြီ။ ကျွန်းပေါ်က ထုံးကျောက်တွေကို ထုတ်လုပ်နေတဲ့ သတ္ထုတွင်းလုပ်ငန်း CAP က ဒီဖြစ်ရပ်အတွက် ထိန်းချုပ်ရေးနဲ့ သက်သာ လျော့ပါးစေရေး လုပ်ငန်းစဉ်တွေ လုပ်နေပြီလို့ ကြေညာချက် ထုတ်ပါတယ်။
ယိုဖိတ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။ ချီလီရေတပ်ကလည်း ညစ်ညမ်းမှု တုံ့ပြန်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ကို ကျွန်းဆီ စေလွှတ်ခဲ့ပါတယ်။
ဓာတ်ပုံ-အေပီ