A d v e r t i s e m e n t With Us

ရနောင်းပင်လယ်ပြင်တွင် လှိုင်းကြီးလေထန်နိုင်၊ ငါးဖမ်းလှေများ ကမ်းမထွက်ရန် သတိပေး

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကပ္ပလီပင်လယ်ပြင်မှာ ခုရက်ပိုင်း အတွင်း  လှိုင်းကြီး လေထန်နိုင်တဲ့ အတွက် ပင်လယ်ထဲ ထွက်မယ့် လှေသင်္ဘောတွေ အထူး သတိပြုကြဖို့နဲ့  အသေးစား ငါးဖမ်းလှေငယ်တွေ ကမ်းကနေမထွက်ခွာကြဖို့ ရနောင်းခရိုင်ဝန်က သတိပေးလိုက်ပါတယ်။ ဇူလိုင် ၃၁ ရက်ကနေ သြဂုတ် ၆ ရက်နေ့တွေ အတွင်း ကပ္ပလီပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုန်လေ ၀င်ရောက်ပြီး လှိုင်းကြီး လေထန်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။  ရေလှိုင်းတွေဟာ အမြင့် ၂ မီတာ မှ ၃ မီတာထိ မြင့်တက်နိုင်သလို လေပြင်းတွေပါ တိုက်ခတ်နိုင်တယ်လို့လည်းဆိုပါတယ်။ ဒါ့ကြောင့် လုပ်သားပြည်သူတွေအနေနဲ့ အသက်နဲ့ ပစ္စည်းတွေ မဆုံးရှုံးစေဖို့  လှေသဘောင်္တွေ အထူးသတိထားကြဖို့ ၊ ငါးဖမ်းလှေငယ်တွေဆိုရင်တော့ ကမ်းစပ်ကနေ မခွာကြဖို့ ရနောင်းခရိုင်ဝန် နိုင်းကျတူးဖို့တ် ပီယမ်းပုတ်တရက ဇူလိုင်လ ၃၀ ရက်နေ့ မှာ သတိပေး ပြောကြားလိုက်ပါတယ်။  ရနောင်းခရိုင်ဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့နဲ့  နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာအလုပ်သမားတွေ အထူးသဖြင့် ရေလုပ်ငန်းတွေမှာ များစွာ ၀င်ရောက်လုပ်ကိုင် နေကြပါတယ်။  ကိုးကားသတင်း - https://www.talknewsonline.com/143373/

A d v e r t i s e m e n t With Us

More News
Up