A d v e r t i s e m e n t With Us

ကျောက်စုပ်မော်တော်ယာဉ်များ ရပ်တန့်ပေးရန် ဟင်္သာတနှင့် အင်္ဂပူဒေသခံများ တောင်းဆို

ဧရာဝတီမြစ်အတွင်း ကျောက်စုပ်ယူနေကြတာကြောင့် ကမ်းပါးတွေပြိုကျနေပြီး ကျေးရွာတွေ ရွှေ့ပြောင်းနေရတဲ့အတွက် ကျောက်စုပ်မော်တော်ယာဉ်တွေ ရပ်တန့်ပေးဖို့ကို ဟင်္သာတနဲ့ အင်္ဂပူ ခရိုင်ရှိ ဒေသခံပြည်သူတွေနဲ့ ဆရာတော်တွေက တိုက်တွန်းပါတယ်။ ဇူလိုင် ၂၉ ရက်က   ကျောက်စုပ် မော်တော်ယာဉ်တွေဆီ သွားရောက် မေတ္တာရပ်ခံခဲ့ကြတာ ဖြစ်ပြီးဧရာဝတီမြစ်အတွင်းမှာ ကျောက်စုပ်မော်တော်ယာဉ်တွေအနေနဲ့ နေ့စဉ် ၁၀ စီးကျော် ပုံမှန်လာရောက်စုပ်ယူ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  အခုလို ကျောက်စုပ်ယူမှုနဲ့ပတ်သက်ပြီး ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် က “ပြီးခဲ့နှစ်ဘတ်ဂျက်ကာလက လုပ်ငန်းလိုင်စင်ချထားပေးခဲ့တာဖြစ်ပြီး အခုနှစ်ဘတ်ဂျက်ကာလ ပြီးဆုံးတဲ့အထိ သတ်မှတ်ထားတဲ့နေရာမှာ ဆက်လက်လုပ်ကိုင်ခွင့် ပြုထားတယ်လို့လည်း ပြောပါတယ်။ အခုလို ကျောက်စုပ်မော်တော်ယာဉ်တွေအနေနဲ့ ဧရာဝတီမြစ်ထဲမှာ ဆက်လက် လုပ်ကိုင်နေပါက အမြဲတမ်း ရပ်တန့်သွားဖို့အထိ ဆန္ဒထုတ်ဖော်သွားမယ်” လို့ လည်းပြောပါတယ်။  အဲဒီလို ကျောက်တွေစုပ်ယူနေတဲ့အတွက် မြစ်ကမ်းပါးအနီးနားမှာ နေထိုင်နေတဲ့ ကျေးရွာ ၇ ရွာလောက် နှစ်စဉ်ရွှေ့ပြောင်းနေရပြီး တနှစ်ကို ရွာမြေ ဧက ၃၀၀၀ ကျော်လောက် မြစ်ကမ်းပါးပြိုတဲ့ အထဲပါပြီး ဆုံးရှုံးနေရပါတယ်။ သတင်း - KoKyat ICJ 

A d v e r t i s e m e n t With Us

More News
Up