Home
မြန်မာသတင်း
အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်သို့  မြန်မာ့ဆန် ပြန်လည်တင်ပို့နိုင်ရေး ကြိုးပမ်းစေလို 
စိုးမိုးအောင်
·
July 30, 2019
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ပြီးခဲ့နှစ်တွေက ဆန် တင်ပို့နိုင်ခဲ့ပေမယ့် အခုနောက်ပိုင်း မတင်ပို့နိုင်တော့တာဟာ မဖြစ်သင့်ဘူးလို့ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။ “မနှစ်က ဘင်္ဂလားဒေ့ရှ်နဲ့ G to G တန် ၁ သိန်းလုပ်တယ်။ ဒီနှစ် G to G ဖြစ်မလာသေးပါဘူး။ အင်ဒိုနီးရှားနဲ့အရင်က လုပ်ခဲ့တယ်။ ထပ်ပြီးဖြစ်မလာပါဘူး။ ဒါလေးတွေကလည်း မဖြစ်သင့်တဲ့ သဘောတော့ သက်ရောက်ပါတယ်” လို့ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။ အရင်နှစ်က ပြည်ပကို မြန်မာဆန်တန်ချိန် ၃ ဒဿမ ၅ သန်းကျော် စံချိန်တင် တင်ပို့နိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ တရုတ်နိုင်ငံနယ်စပ်ကနေ ၀ယ်ယူမှုမရှိတော့တာကြောင့် ဆန်တင်ပို့မှု ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတချို့နဲ့ အစိုးရအချင်းချင်းချိတ်ဆက်ပြီး ဆန်တင်ပို့မှုတွေကိုလည်း မလုပ်နိုင်တော့တဲ့အတွက် ပြည်ပကို ဆန်တင်ပို့မှု အရင်နှစ်ထက် ကျဆင်းခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလကနေ ၂၀၁၉ ဇွန်လအထိ ၉ လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၁ ဒဿမ ၇ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဆန်တန်ချိန် ၁ ဒဿမ ၄ သန်းကျော် တင်ပို့ထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024