ရန်ကုန်တိုင်းအစိုးရရုံးမှာ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ ရုံးခန်းရ
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်လမ်းက အစိုးရအဖွဲ့ရုံးစိုက်ရာ လွှတ်တော်အဆောက်အဦထဲမှာ အခန်းတခန်းကို ရှင်းလင်းစီစဉ်ထားပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရုံးထိုင်ဖို့အတွက် ဒီနေ့ ညနေ ၅ နာရီခွဲက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာကြည့်တယ်လို့ တိုင်းဒေသကြီးရုံးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မြန်မာပြည်ကို အမေရိကန်သမ္မတ အိုဘားမားလာတုန်းက ပြည်ထဲရေးဝန်ကြီး ထိုင်ခဲ့တဲ့ရုံးခန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို သမ္မတရုံးက ညွှန်ကြားချက်အရ ပေးလိုက်တာလို့ ဆိုပါတယ်။
ဒ့ါအပြင် လူတွေကို ခေါ်ယူပြီး မေးမြန်းဖို့ အစည်းအဝေးခန်းမတခုကိုလည်း စီစဉ်ထားရှိပေးရတယ်လို့ ဆိုပါတယ်။