A d v e r t i s e m e n t With Us

ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်တာ ဂုဏ်ယူစရာမဟုတ်ဟု သီတဂူဆရာတော် မိန့်ကြား 

ပုဂံဒေသကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာဟာ ဂုဏ်ယူစရာမဟုတ်ဘူးလို့ သီတဂူဆရာတော်က တရားပွဲတခုမှာ မိန့်ကြားလိုက်ပါတယ်။ ဇူလိုင် ၂၇ ရက်က ပြင်ဦးလွင်မှာ ကျင်းပတဲ့ တရားပွဲမှာ  သီတဂူဆရာတော် ဦးဉာဏိဿရက ဟောပြောခဲ့တာပါ။ “ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်တွေ အဲဒါတွေဟာ မြန်မာပိုင်၊ ဗမာပိုင် ကိုယ်ပိုင်လို ဖြစ်သွားတော့ မြန်မာ့ cultural heritage (ယဉ်ကျေးမှုအမွေအနှစ်)တွေ ဖြစ်သွားတယ်။ ကမ္ဘာ့အမွေဆိုင် မဖြစ်ဘူး ဒါတွေဟာ။ ဗမာ့အမွေဆိုင်နော။ ဟိုလူတွေက ပုဂံက ဘုရားတွေကို ကမ္ဘာ့အမွေဆိုင်ဆို သွားပေးကြတယ်။ အဲဒီ အစည်းအဝေးကျင်းပတဲ့ တိုင်းပြည်ကို ဘုန်းကြီး လေ့လာကြည့်တယ်။ မြန်မာ့အမွေအနှစ်ကို တခြားပေးပြီးတော့ ဟိုဘက်ကလူတွေ ထိန်းပေးတာ ကို ဂုဏ်ယူနေခြင်းဟာ ဘာဂုဏ်မှ မရှိတဲ့ကိစ္စ” လို့မိန့်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့(UNESCO) ဟာ လူမှုရေး မလုပ်ဘဲ နိုင်ငံရေးလုပ်လို့ဆိုပြီး ၁၉၈၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက  အဲဒီအဖွဲ့ကနေ နုတ်ထွက် သွားတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။ “အမေရိကန်မထည့်ရင် ရန်ပုံငွေက ခမ်းခြောက်သလောက်ဖြစ်သွားတယ်။ အဲတော့ ဘယ်က ဝိုင်းထည့်သလဲဆိုတော့။ ရှင်းနေတယ်။ လေ့လာတဲ့သူတိုင်းသိတယ်။ အိုအိုင်စီက အများကြီး ထည့်တယ်။ အာရပ်လောကကြီးက ရေနံသူဌေးတွေ ဝိုင်းထည့်တာပေါ့။ မွတ်စလင်တွေချည်းပဲ။ အဲဒါကြောင့် အဲဒီအသင်းရဲ့တည်ရာက ဘယ်ရောက်သွားလဲဆိုတော့ အဇာဘိုင်ဂျန် ရောက်သွားတယ်။ ပုဂံကို အဲဒီအပ်လိုက်တယ်ဗျာ။ ပုဂံဆိုတဲ့ Buddish Cultuarl Heritage (ဗုဒ္ဓဘာသာ ရှေးဟောင်း ယဉ်ကျေးမှု) က အဇာဘိုင်ဂျန်ကဝိုင်းပြီးပေးတဲ့ ပိုက်ဆံနဲ့ အသိအမှတ်ပြုပြီးတော့ အဲဒါနဲ့ သူတို့ ထိန်းသိမ်းစောင့်ရှောက်ကြမယ်လို့ လုပ်တယ်။”  မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတခုဖြစ်တဲ့  ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပတဲ့ ယူနက်စကိုရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးကနေ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်မှာ သတ်မှတ်ကြေညာခဲ့တာပါ။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေဖြစ်တဲ့ ပျူနဲ့ ပုဂံမြို့ဟောင်းတွေ ထိန်းသိမ်းတဲ့ လုပ်ငန်းတွေမှာ အကူအညီပေးဖို့ ယူနက်စကို အဖွဲ့ကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ အဲဒီတုန်းက သမ္မတ တာဝန်ယူနေတဲ့ ဦးသိန်းစိန်က တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ပုဂံကို ယူနက်စကိုဝင်ဖို့အတွက် လွန်ခဲ့တဲ့  ဆယ်စုနှစ် နှစ်ခုလောက်ကတည်းက ကြိုးစားနေခဲ့တာဖြစ်ပြီး အဲဒီတုန်းက ပယ်ချခံရပြီးနောက် ၂၀၁၄ ခုနှစ်မှာတော့ ပြန်လျှောက်ဖို့အတွက် ယူနက်စကိုက ဖိတ်ခေါ်ခဲ့ပါတယ်။ ပျူမြို့ဟောင်း ၃ မြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ မြို့ဟောင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇွန် ၂၂ ရက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up