A d v e r t i s e m e n t With Us

ကွင်းလယ်ကစားသမား ဟာဇက် ကိုယ်အလေးချိန်တက်လာသဖြင့် ရီးရဲလ်အသင်း စိတ်ပျက်

ကွင်းလယ်ကစားသမား ဟာဇက်ဟာ ကိုယ်အလေးချိန် မြင့်တက်လာတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းက သူ့အပေါ်  စိတ်ပျက်နေပါတယ်။  ရီးရဲလ်အသင်းဟာ ဟာဇက်ကို ချယ်ဆီးအသင်းထံကနေ  ပေါင် သန်း ၁၅၀ လောက်နဲ့ စံချိန်တင် ဈေးကြီးပေး ခေါ်ယူခဲ့တာဖြစ်ပေမယ့်လည်း ၇ ကီလိုလောက် အထိ အလေးချိန်တက်လာတဲ့ အပေါ်မှာ စိတ်ပျက်နေတာပါ။  အသင်းဥက္ကဋ္ဌပီရက်ဇ်ကလည်း  ၀ိတ်တက်လာတဲ့ ဟာဇက်နဲ့အပေါ်မှာ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်မူ နည်းပါးနေတယ်လို့လည်း သိရပါတယ်။   ရီးရဲလ်မက်ဒရစ်အသင်းဟာ စံချိန်တင်ငွေကြေးသုံးစွဲပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားပေမယ့်လည်း ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ဆိုးရွားနေတဲ့ အပေါ်မှာလည်း  အသင်းဥက္ကဋ္ဌ ပီရက်ဇ်က မပျော်မရွှင်ဖြစ် နေပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up