A d v e r t i s e m e n t With Us

တိုက်စစ်မှူးအောင်သူ၏သွင်းဂိုး တပတ်အတွင်း အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံရ

မြောင်သောင်ယူနိုက်တက်ကလပ်အသင်း တိုက်စစ်မှူးအောင်သူရဲ့ ရက်ချာဘူရီအသင်းနဲ့ ပွဲစဉ်မှာ သွင်းယူတဲ့ ဂိုးဟာ  ထိုင်းလိဂ်မှာ အခုတပတ်အတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အောင်သူဟာ အသင်းဖော် ကွင်းလယ်လူ ဟီဘာတီထိုးပေးတဲ့ ဘောလုံးကို ထောင့်ဖြတ် အနေအထားကနေ ဂိုးသမားကိုကျော်ပြီး  လှလှပပသွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ အောင်သူဂိုးသွင်းယူပြီး ချိန်မှာ အသင်းဖော်တွေကလည်း သူ့ကို ကလေးပွေ့ချီတဲ့ပုံစံမျိုး အောင်ပွဲခံခဲ့ကြပြီးတော့ မကြာသေးခင်ကမှ   ကလေး ဖခင်ဖြစ်လာခဲ့တဲ့ အောင်သူကို ဂုဏ်ပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။ ထိုင်းပရီးမီးယားလိဂ် မြောင်သောင်ယူနိုက်တက်အသင်းမှာ  ကစားနေတဲ့ အောင်သူဟာ အခုနှစ်ရာသီအစမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရပေမယ့်  နည်းပြသစ်ပြောင်းပြီးနောက်မှာ လူစားဝင်ကစားသမားအဖြစ် ခြေစွမ်းပြကစားနေခဲ့ပြီး ခုနှစ်ရာသီ ၈ ပွဲကစားထားကာ ၂ဂိုးသွင်းယူထား ပါတယ်။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူဟာ ပြီးခဲ့တဲ့ ရာသီက ပုလိစ်တဲရို ထိုင်း ကလပ် အသင်းမှာ ကစားချိန်တုန်းကလည်း ဆူခိုထိုင်းအသင်းနဲ့ တွေ့ဆုံမှာ သွင်းယူခဲ့တဲ့ ဂိုးကို တပတ်တာ အကောင်းဆုံးသွင်းဂိုးအဖြစ်လည်း သတ်မှတ်ခံခဲ့ရဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up