မြင့်မြတ်၊ အိချောပို၊ ပက်ထရစ်ရှာတို့ပါဝင်သည့် တစ္ဆေများနှင့် ပျော်မြူးခြင်းရုပ်ရှင်(နမူနာ)
DVB
·
July 30, 2019
ဟာသ သရဲအက်ရှင်အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ တစ္ဆေများနှင့် ပျော်မြူးခြင်း ရုပ်ရှင်ကို လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အောင်ခိုင်ရဲ့ ဇာတ်လမ်းကို မလေးရှား ရုပ်ရှင်ဒါရိုက်တာ R.Perakas က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။
ဝိညာဉ်ရှိတယ်လို့ လူတွေကိုလိမ်ပြီး သရဲဖမ်းတဲ့ လူလိမ်ကောင်လေးတယောက်နဲ့ အစိမ်းသေသွားတဲ့ကောင်မလေးတယောက်ကြားမှာ ဘယ်လိုအလွဲတွေ၊ ပြဿနာတွေနဲ့ ရယ်စရာတွေဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။
ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်၊ အိချော ပိုနဲ့ ပက်ထရစ်ရှာတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားဟာသသရုပ်ဆောင်တွေ လည်း အများကြီး ပါဝင်အားဖြည့်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ရုပ်ရှင်တကားလုံးကိုတော့ မလေးရှားနိုင်ငံမှ ဒါရိုက်တာနဲ့ စက်အဖွဲ့တွေ၊ စတန့် အဖွဲ့တွေနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ Mingalar Gold Class Cinema မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။
ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ လက်ရှိအချိန်ထိ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။