Home
မြန်မာသတင်း
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ ဘတ်စ်ကား ဆားဗစ်စင်တာဖွင့်လှစ် 
DVB
·
July 29, 2019
မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်တဲ့  မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်က   ဘတ်စ်ကားတွေအတွက် Sale And Service Center တခုကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်စက်မှုဇုန်မှာ ဇူလိုင် ၂၈ ရက်က ဖွင့်လှစ်လိုက်ပါတယ်။ ဆားဗစ်စင်တာကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဗိုလ်ချုပ် ခင်မောင်သန်းနဲ့  အင်းတကော် စက်မှုနယ်မြေ၊ ခေတ္တ စက်ရုံမှူး ဦးလွင်ဦး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ ဖွင့်လှစ်လိုက်တဲ့ ဆားဗစ်စင်တာမှာ ၀န်ဆောင်မှုလုပ်ငန်းတွေအနေနဲ့  Yutong ခရီးသည်တင် ဘတ်စ်ကားတွေအတွက် အင်ဂျင်နဲ့ ဂီယာဘောက်(စ်) စစ်ဆေး ပြုပြင်တာ၊ ပန့်နဲ့ နော်ဇယ် စစ်ဆေးပြုပြင်တာ၊ ကွန်ပျူတာ ECU(Electronic Control Unit) ပါတဲ့ အင်ဂျင်တွေ စစ်ဆေးပြုပြင်ပေးတာ၊ ကွန်ပျူတာနဲ့  အလိုင်းမင်း စစ်ဆေးတာ အပြင် အဲကွန်း၊ ကားအောက်ပိုင်း ၊ ကိုယ်ထည်ပြုပြင် ဆေးမှုတ်ခြင်းတာတွေ ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။ ဒ့ါအပြင် Yutongဘတ်စ်ကားနဲ့ Yutong မီနီဘတ်စ်ကားတွေရဲ့ ဆက်စပ်ပစ္စည်းတွေ၊  တာယာအမျိုးမျိုး၊ စက်ဆီ/ချောဆီ အမျိုးမျိုး၊ ကားမှုတ်ဆေး အမျိုးမျိုးတို့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ- CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024