A d v e r t i s e m e n t With Us

အီတလီ အတ္တနာမီးတောင်မှ အနီရောင်ချော်ရည်များ စီးကျ (ရုပ်သံ)

အီတလီနိုင်ငံမှာ ဇူလိုင် ၂၇ ရက် ညပိုင်းက အတ္တနာမီးတောင်ကနေ ချော်ရည်တွေ စီးကျနေပြီး တောင်ရဲ့ ဆင်ခြေလျှောတလျောက် အနီရောင် ချော်ရည်စီးကြောင်းတွေ စီးဆင်းနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြေထဲပင်လယ်ထဲက စစ္စလီကျွန်းပေါ်မှာ တည်ရှိတဲ့ ဥရောပရဲ့ အမြင့်ဆုံး အတ္တနာမီးတောင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေအပြင် ဒေသတွင်း ခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်ပါတယ်။ လက်ရှိမှာတော့ နာမည်ကျော် မီးတောင်ကြီးနဲ့ ဆယ်လ်ဖီရိုက်သူတွေ စုပြုံနေတာကြောင့် အီတလီရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေပါတယ်။ အမြင့်ပေတသောင်းကျော်ရှိတဲ့ အတ္တနာမီးတောင်ဟာ မကြာခဏ ပေါက်ကွဲလေ့ရှိပေမယ့် ပျက်စီးဆုံးရှုံးမှု နည်းပါတယ်။ အတ္တနာမီးတောင် အကြီးအကျယ် ပေါက်ကွဲခဲ့တာကတော့ ၁၉၉၂ ခုနှစ်က ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up