A d v e r t i s e m e n t With Us

ကသာမြို့တွင် မြေငလျင် လှုပ်ခတ်

စစ်ကိုင်းတိုင်း ကသာမြို့မှာ ဒီနေ့ မနက် ၁၁ နာရီခွဲလောက်က အင်အား ၃.၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၂၉ ရက်နေ့၊ ၁၁ နာရီ၊ ၃၁ မိနစ်၊ ၅၃ စက္ကန့် အချိန်က ကသာမြို့ရဲ့ တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၃.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၁) ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up