မန်ယူအသင်းက ချိတ်ဆက်နေတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် ကစားအပြီး ငိုကြွေးခဲ့တဲ့အတွက် နှုတ်ဆက်ပွဲဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ ဒီနေ့မနက်ပိုင်းက ဗလင်စီယာအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲချိန်အတွင်း အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို လူစားလဲခဲ့ပြီး အရန်ခုံတန်းမှာ ငိုကြွေးနေခဲ့တာကြောင့် အသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။
အသက် ၂၄ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၃၂ ဂိုးသွင်းပြီး ၁၈ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။
ဖာနန်ဒက်စ်အတွက် မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သတင်းထွက်နေပါတယ်။
ဖာနန်ဒက်စ်အနေနဲ့ လူစားလဲအပြီးမှာ ငိုကြွေးခဲ့တာကြောင့် သူ့ရဲ့မျက်ရည်တွေဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ အတည်ပြုချက်ဖြစ်မလား ဆိုပြီး ဒေးလီးမေးလ် သတင်းစာက ရေးသားခဲ့ပါတယ်။