A d v e r t i s e m e n t With Us

အမေရိကန်အဆင့်မြင့်အရာရှိများ သံဃာတော်များနှင့် ဆွေးနွေး

အေမရိကန်အရာရှိများနဲ့ သံဃာေတာ်များ ဆှေးနှေးနေစဉျ
အမေရိကန်အဆင့်မြင့် အရာရှိတွေပါဝင်တဲ့ သုံးဦးအဖွဲ့ဟာ ဒီကနေ့ မန္တလေးမြို့က သံဃာတော်တွေနဲ့ မစိုးရိမ်တိုက်သစ်မှာ တွေ့ဆုံပြီး တံခါးပိတ်ဆွေးနွေးရာမှာ ရခိုင်အရေး၊ လက်ပန်းတောင်းတောင် အရေးကိစ္စတွေကို သုံးနာရီကြာ မေးမြန်းတယ်လို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဥတ္တမက မိန့်ပါတယ်။ လာရောက်သူတွေကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ ညွှန်ကြားရေးမှူး မစ္စတာ Ike Reed နဲ့ ကောင်စစ်ဝန် ဒေါက်ဂလပ်စောနတ်နဲ့ တခြားတဦးတို့ ဖြစ်ပါတယ်။ [caption id="attachment_33965" align="alignleft" width="300" caption="အမေရိကန်အရာရှိများနဲ့ သံဃာတော်များ ဆွေးနွေးနေစဉ်"][/caption] ဆွေးနွေးတဲ့ သံဃာတော်တွေကတော့  ဦးဝီရသူ၊ ဂဠုန်နီဆရာတော် ဦးကာဝိရ၊ မြ၀တီဆရာတော် ဦးဝီရိယ၀ံသ ဘိဝံသ၊ ဘ၀အလင်းရောင်ဆရာတော် ဦးဥတ္တမသာရနဲ့ ဦးသောဘိတတို့ဖြစ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ဆန္ဒပြခေါင်းဆောင် မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့ ပါဝင်ပါတယ်။ ဦးဥတ္တမက “ရခိုင်အရေးရော၊ လက်ပန်းတောင်းတောင် စီမံကိန်းအရေးကော နှစ်ခုစလုံးကို ဆွေးနွေးတာပေါ့။ နေ့ခင်း ၁၂ နာရီကနေ ၃ နာရီထိ ကြာတယ်။ အဲလောက်တော့ ပြောလို့ရတယ်။ အတွင်းကျကျကတော့ ဦးဇင်းတို့ ပြောလို့မရပါဘူး” လို့ မိန့်ပါတယ်။ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့ကိုလည်း သပိတ်စခန်းမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို မေးမြန်းခဲ့တယ်လို့ ဦးဥတ္တမက မိန့်ပါတယ်။ ဆွေးနွေးပွဲကျင်းပတဲ့ မစိုးရိမ်တိုက်သစ်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရဘက်က အကြမ်းဖက်ဖြိုခွင်းလို့ အရေပြားလောင်ကျွမ်းပြီး မန္တလေးဆေးရုံတက်နေတဲ့ သံဃာတွေကို ကူညီစောင့်ရှောက်ရာမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲမစတင်ခင်မှာ မီဒီယာသမားတွေကို ဓာတ်ပုံရိုက်ယူခွင့်ပေးပေမယ့် ဆွေးနွေးတာကိုတော့ သတင်းပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up