Sunday, May 28, 2023
HomeLead Story၂ နှစ်ကလေးငယ် လေဆိပ် အထုပ်အပိုးစစ်သည့် စက်ထဲ မတော်တဆရောက်ရှိ (ရုပ်သံ)

၂ နှစ်ကလေးငယ် လေဆိပ် အထုပ်အပိုးစစ်သည့် စက်ထဲ မတော်တဆရောက်ရှိ (ရုပ်သံ)

အမေရိကန်နိုင်ငံ အတ္တလန္တာ လေဆိပ်က ပစ္စည်းတွေကို စစ်ဆေးတဲ့ စက်ထဲကို ကလေးငယ်တဦး မတော်တဆ ရောက်ရှိသွားခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ ဇူလိုင် ၂၂ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီအခိုက်အတန့်ကို လေဆိပ်က လုံခြုံရေး ကင်မရာတွေထဲမှာလည်း အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အသက် ၂ နှစ်သာရှိသေးတဲ့ ကလေးငယ်လေးဟာ သွားနေတဲ့စက်ထဲကို ကိုယ်တိုင် တက်ရောက်သွားခဲ့တာဖြစ်ပြီး စက်ရဲ့ပြေးလမ်းပေါ် ရောက်ရှိသွားတဲ့အချိန်မှာ ပြန်ဆင်းဖို့ ကြိုးစားခဲ့ပေမယ့် စက်ကသွားနေတဲ့အရှိန်ရယ်၊ ပြေးလမ်းပေါ်က အထုတ်အပိုးတွေရယ်ကြောင့် ပြန်ဆင်းလို့ မရတော့ဘဲ စက်အတွင်းပိုင်းအထိ ရောက်ရှိသွားခဲ့ရတာပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ငါးမိနစ်နီးပါးကြာမြင့်ခဲ့ပြီး အပြင်ကိုရောက်လာပြီးတဲ့အချိန်မှာမှ သူ့ကိုလေဆိပ် check in ဌာနရဲ့ဝန်ထမ်းတွေက အလျင်အမြန် ဖယ်ထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တခုလုံးကို လေဆိပ်ကနေ ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုဖိုင်မှာ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ကလေးလေး စက်ပေါ်တက်သွားတဲ့အချိန်မှာ မိခင်ဖြစ်သူကအနားမှာ ရှိမနေခဲ့ဘူးလို့လည်း သိရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်မှာ ပွန်းပဲခြင်းအပါအဝင် အသေးစားဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့လည်း အတ္တလန္တာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular