A d v e r t i s e m e n t With Us

ကြိုတင်ငွေဖြည့်ကတ်များဖြင့် ကျပ်ငွေမပေးချေရန် ဗဟိုဘဏ် သတိပေး

ကြိုတင်ငွေဖြည့်ရတဲ့ Master ကတ်၊ Visa ကတ် စတာတွေနဲ့ ပြည်တွင်းမှာ ကျပ်ငွေမပေးချေဖို့ ဗဟိုဘဏ်က သတိပေးလိုက်စာ ထုတ်ပြန်လိုက်ပါတယ်။  Master ကတ်၊ Visa ကတ်၊ UPI ကတ်နဲ့ JCB  ကြိုတင်ငွေဖြည့်ကတ် (Prepaid Card) တွေကို မြန်မာနိုင်ငံသားတွေ ပြည်ပကိုသွားတဲ့အခါနဲ့ နိုင်ငံခြားသားတွေ ပြည်တွင်းကိုလာတဲ့ အခါမှာ ငွေပေးချေတာ လွယ်ကူဖို့ အတွက် ထုတ်ဝေခွင့်ပြုခဲ့တာလို့ ဗဟိုဘဏ်က ဆိုပါတယ်။ ဒီကတ်တွေကို အမေရိကန်ဒေါ်လာ ၅,၀၀၀ အထိ ကန့်သတ်ပြီး ထုတ်ဝေခွင့်ပြုထားခဲ့ပြီး ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့အသုံးပြုဖို့ ခွင့်ပြုခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။ အခုအခါ ဘဏ်တွေက အဲဒီကတ်တွေကို ဈေးဝယ်စင်တာတွေ၊ စားသောက်ဆိုင်တွေမှာ ကျပ်ငွေနဲ့ ဝယ်ယူပြီး ငွေချေတာ၊ ကတ်တွေမှာ ဘဏ်နာမည်အပြင် စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာ နာမည်တွေကိုပါ ဖော်ပြအသုံးပြုနေတာတွေ့တယ်လို့ ဇူလိုင် ၂၅ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ သတိပေးစာမှ ဖော်ပြထားပါတယ်။ ဘဏ်တွေအနေနဲ့ ဒါနဲ့ပတ်သက်လို့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မူဘောင်ထဲကပဲ လိုက်နာရမယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ကြိုတင်ငွေဖြည့်ပြီးမှ သုံးရတဲ့ နိုင်ငံခြားငွေသုံးကတ်တွေကိုပဲ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဘဏ်တွေအနေနဲ့ ဒီညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ထားတဲ့အခြေအနေကို သြဂုတ် ၉ ရက် မတိုင်ခင်မှာ အကြောင်းပြန်ခိုင်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up