A d v e r t i s e m e n t With Us

ဆွီဒင်နိုင်ငံတွင် ဗုဒ္ဓဘာသာစေတီတော် ထီးတော်တင်လှူပွဲ ကျင်းပ

ဆွီဒင်နိုင်ငံရဲ့ ပထမဆုံး ဗုဒ္ဓဘာသာစေတီတော်ကို နိုင်ငံတောင်ပိုင်း အိုရေးဘရိုခရိုင် ယူကွမ်မြို့မှာ ပေါ်လာပြီလို့ ဆွီဒင်နိုင်ငံ သတင်းစာမျက်နှာတွေမှာ ဖော်ပြပါတယ်။ သဗ္ဗဇယမင်္ဂလာ ဗုဒ္ဓဘာသာ စေတီတော်မြတ်ကို တိရတနာ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ပထမဆုံး ဆောက်လုပ်တည်ထားပြီး တနှစ်အကြာ ဇူလိုင်လ ၂၇ ရက်မှာ ထီးတော်တင်လှူခဲ့တဲ့ အခမ်းအနားကို ဥရောပရောက် သာသနာပြု ဆရာတော်များ၊ နိုင်ငံတကာမှ ကုသိုလ်ရှင် အလှူရှင် ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။  ဗုဒ္ဓဘာသာ ရိုးရာအစဉ်အလာ ဓလေ့ထုံးစံအတိုင်း ကျင်းပတဲ့ ဒီအခမ်းအနားကို ဆွီဒင်နိုင်ငံ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနှင့်၊ ထိုင်း၊ မြန်မာ၊ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်၊ ယူကေ၊ နယ်သာလန် နိုင်ငံတွေမှ ဧည့်သည် ၄၀၀ လောက် တက်ရောက်ခဲ့ပါတယ်။  တိရတနာကျောင်း သဗ္ဗဇယမင်္ဂလာစေတော်မြတ်ကြီး ရွှေထီးတော်တင် မင်္ဂလာနဲ့ ဗုဒ္ဓဘိသေက အနေကဇာတင်ကို ဆွီဒင်နိုင်ငံမှ ဘုရားအလှူရှင်တွေဖြစ်ကြတဲ့ ဒေါက်တာ မြင့်ဟန် နဲ့ မြန်မာမိသားစု၊ ဆွိဒင်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ၊ ဥရောပနိုင်ငံ အသီးသီးရှိ ဗုဒ္ဓဘာသာဝင်တွေ၊ အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနဲ့အဖွဲ့၊ သီရီလင်္ကာ သံအမတ်ကြီးနဲ့အဖွဲ့တို့က စေတိတော်ကြီးကို ရွှေထီးတော် တင်လှူ ပူဇော်ခဲ့ကြပါတယ်။  ဒီစေတီတော်မှာ ငြိမ်းချမ်းမှုနဲ့ ဆိတ်ငြိမ်မှုကို လာရောက်ခံစားနိုင်ပြီး၊ တရားထိုင်တာ၊ မီးပူဇော်တာ၊ တရားတော်တွေကို ရွတ်ဖတ်တာတွေလည်း လာရောက် ကုသိုလ်ယူ လုပ်ဆောင်နိုင်ပါတယ်လို့ ဦးဆောင်ဆရာတော် ဦးသောဘဏက မိန့်ကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up