Home
မြန်မာသတင်း
ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ
ဆုဆုသွယ်
·
July 28, 2019
မြန်မာအသည်းဖောင်ဒေးရှင်းက ဦးဆောင်ပြီး ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့သူနာပြုတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ အသည်းရောင်အသားဝါ၊ ဘီပိုး၊ စီပိုးရောဂါတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားမှာ အသိပညာရရှိကာ ကြိုတင်ကာကွယ်နိုင်ပြီး လျင်မြန်တဲ့ကုသမှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ကို မြန်မာနိုင်ငံမှာ ကျင်းပတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ရောဂါတွေထဲမှာ အသည်းရောင်အသားဝါရောဂါ ပါဝင်နေတာဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်ပါတယ်။ စီပိုးကိုတော့ ကာကွယ်လို့ မရသေးပေမယ့် စီပိုးရောဂါဖြစ်လာရင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အခမ်းအနား တက်ရောက်လာတဲ့ ပြည်သူတွေကို အသည်းရောင်အသားဝါဘီပိုး၊ စီပိုးအခမဲ့ စစ်ဆေးပေးပြီး ဘီပိုးကာကွယ်ဆေးတွေကို အခမဲ့ထိုးနှံပေးခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လုပ်ဆောင်ထားတဲ့ သုတေသနတွေအရ လက်ရှိမြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံရသူ(၃.၅)သန်းရှိပြီး စီပိုးကူးစက်ခံရသူ (၁.၅)သန်းရှိနေပါတယ်။ ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာအသည်းဖောင်ဒေးရှင်းက တာဝန်ရှိသူတွေနဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ သတင်း၊ဓာတ်ပုံ-ဆုဆုသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024