ဒိုင်ဘာလားက ယူနိုက်တက်ထက် တော့တင်ဟမ်ကို ရွေးချယ်သွားနိုင်တယ် – ကတ်လတ်စ်

789
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်တခုဖြစ်တဲ့ ပေါ်လို ဒိုင်ဘာလားဟာ ယူနိုက်တက်ထက် ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ်အသင်းကို ပိုမိုပြောင်းရွှေ့လိုနေတယ်လို့ ကစားသမားအပြောင်းအရွေ့ ကျွမ်းကျင်သူ ဒန်ကန် ကတ်လက်စ်က သုံးသပ်ပါတယ်။
ဒါဟာ ယူနိုက်တက်အတွက်တော့ သတင်းဆိုးတခုပဲဖြစ်ပါတယ်။ ဒိုင်ဘာလားဟာ အခုနှစ်နွေရာသီမှာ ဂျူဗင်တပ်အသင်းကနေ ထွက်ခွာလိုနေသူဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း သူ့ကို ရောင်းချလိုနေတယ်လို့ ကတ်လက်စ်ကဆိုပါတယ်။
အကြောင်းကတော့ ဂျူဗင်တပ်အသင်းဟာ ကစားသမားအသစ်တွေ ခေါ်ယူဖို့ အသုံးပြုထားတဲ့ အသုံးစရိတ်တွေအတွက် ဒိုင်ဘာလားကိုရောင်းချပြီး ပြန်လည်ရှာဖွေဖို့ ရည်မှန်းထားတယ်လို့ ကတ်လတ်စ်ကပြောပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းတွေအရ တော့တင်ဟမ်အသင်းဟာ ဒိုင်ဘာလားကို ပေါင် ၄၄ သန်းနဲ့ ကမ်းလှမ်းထားတယ်လီ သိရပြီး ဒါဟာ ဂျူဗင်တပ်က လိုချင်နေတဲ့ ဈေးထက်တော့ နည်းနေပါသေးတယ်။
ယူနိုက်တက်အသင်းကလဲ လက်ရှိ တိုက်စစ်မှူး လူကာကူထွက်ခွာသွားခဲ့မယ်ဆိုရင် သူ့နေရာကိုအစားထိုးဖို့ အာဂျင်တီးနားသားကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်သင်းကြားမှာ ချန်ပီယံလိဂ်ကစားခွင့်က အားသာချက်ဖြစ်နေပြီး ချန်ပီယံလိဂ် ကစားဖို့ အခွင့်အရေးက တော့တင်ဟမ်အသင်းမှာရှိနေတာကြောင့် ဒိုင်ဘာလားတယောက် လန်ဒန်ကလပ်ကို ပိုမိုမျက်စိကျနေတာဖြစ်နိုင်ပါတယ်။
တော့တင်ဟမ်အနေနဲ့ ကစားသမားတောင်းဆိုတဲ့ လစာကိုပေးနိုင်မယ်ဆိုရင် ဒိုင်ဘာလားကို ရရှိနိုင်မယ်လို့ ကတ်လတ်စ်က သုံးသပ်ပါတယ်။