A d v e r t i s e m e n t With Us

မြေနုကျွန်းပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ဥပဒေနှင့်အညီ လိုက်နာရန်လိုဟုဆို

မ​ကွေးတိုင်း​ဒေသကြီးအစိုးရ လုံခြုံ​ရေးနှင့်​ နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး မင်းဦး
ရေနံချောင်းမြို့နယ်အတွင်း ဇူလိုင် ၂၃ ရက် နေ့က ဖြစ်ပွားခဲ့တဲ့ မြေနုကျွန်းအငြင်းပွားမှု အလားတူဖြစ်စဉ်တွေ ထပ်မံမဖြစ်ပွားစေဖို့  ဥပဒေနဲ့အညီ လိုက်နာဖို့ လိုအပ်ကြောင်း မကွေးတိုင်း လယ် ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးက ​ပြောပါတယ်​။ “ကျနော်​တို့ စီမံခန့်​ခွဲ​ရေး နည်းလမ်းကို လိုက်​နာတယ်​ဆိုရင်​ ဒီဖြစ်​​လောက်​ကြီး ဖြစ်​စရာ မလိုဘူး အခုမတန်​ဘူးဗျာ။ ဒီ​နေရာ​လေးကို ကြည့်​ရင်​ ၇ ဧက​လောက်​ပဲ ရှိတယ်​။ ဘာ့​ကြောင့်​ ၇ ဧက​လောက်​ပဲလို့​ ပြောလဲဆိုရင်​ တိုင်းတာခွင့်​မရဘူး။ တိုင်းတာခွင့်​ပေးလိုက်မယ်၊ စီမံခန့်​ခွဲမှု လိုက်​နာမယ်​ဆိုရင်​ တမျိုး။ တ​ဖက်​ကလည်း  အုပ်ချုပ်မှု နယ်နမိတ်အရ တို့ပိုင်​တယ် ဒီအထိကို မတိုင်းနဲ့။ တဖက်​ကလည်း ကန်​သာရွာကလည်း တို့ရ​နေတယ်​ဆိုတယ်၊ ဥပ​ဒေအရ ပိုင်​ဆိုင်​တယ်​ဆိုပြီး ပိုက်​ရင်​လည်း ပိုက်​ထားမှာ​ပေါ့” လို့ တိုင်းဦးစီးမှူး ဦးဇော်ဝင်း က ပြောပါတယ်​။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၁၀၄ မှာ မြေနုကျွန်းလုပ်ပိုင်ခွင့်ကို တနှစ်တရာသီအတွက်သာ ချထားရမှာဖြစ်ပါတယ်။ မြေနုကျွန်းဆိုတာ ရေအောက်ကိုနစ်မြုပ်ခဲ့ပြီး နှစ်စဉ်ရေကြောင်း အနေအထားအရ မြေသားနဲ့ပုံသဏ္ဌာန် ပြောင်းလဲတဲ့ ခိုင်မြဲမှုမရှိတဲ့မြေဟု ဥပဒေအရ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး မတည်မြဲမှုကို အကြောင်းပြုကာ ခေတ်အဆက်ဆက် အငြင်းပွားနေရဆဲ ပြဿနာတရပ်လည်းဖြစ်ပါတယ်​။ အဆိုပါကိစ္စနဲ့ ပတ်​သက်​ပြီး မ​ကွေးတိုင်း​ဒေသကြီးအစိုးရ လုံခြုံ​ရေးနှင့်​ နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး မင်းဦးက​တော့ “ဧရာဝတီမြစ်​​ရေ ကျသွားရင်​ တိုင်းအဆင်​ ဌာနဆိုင်​ရာ​တွေပါတဲ့ ပူး​ပေါင်းအဖွဲ့နဲ့ စစ်​​ဆေးပြီး​တော့ တိကျတဲ့အ​ဖြေရတဲ့အထိ တိုင်း​ပေးမယ်​၊ ထပ်​ပြီး​တော့ ပြဿနာ​တွေ မဖြစ်​​အောင်​ တခါတည်း ​ကြေညာ​ပေးမယ်​” လို့​ပြောပါတယ်​။ ဖြစ်​စဉ်​နဲ့ ပတ်​သက်​ပြီး ဖရဲကျွန်း​ကျေးရွာမှ ​ပျောက်​ဆုံး​နေသူတွေထဲက ဇူလိုင်​ ၂၄ ရက်​​နေ့မှ ဒီက​နေ့မနက်​ပိုင်း​အထိ အမျိုးသမီး ၂ ​လောင်း၊ အမျိုးသား ၂၄ ​လောင်း ​ရေနံ​ချောင်းနဲ့ထိစပ်​တဲ့ ဧရာဝတီ မြစ်​တစ်​​လျှောက်​က ​တွေ့ရှိခဲ့ပြီး အမျိုးသား ​၁၀ ​ယောက်​​ကျော်​ ​ပျောက်​ဆုံး​နေဆဲ ​ဖြစ်​သလို တဖက်​ ကျမ်းကိုင်​ကျွန်းမှလည်း  အခင်းဖြစ်ဒဏ်ရာနဲ့ အမျိုးသားတဦး ​သေဆုံးခဲ့​တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။  ကိုလင်း(​ချောက်​)

A d v e r t i s e m e n t With Us

More News
Up