ရင်ဖွင့်စာ

ဒေါပုံမြို့နယ်အတွင်း သောင်းကျန်းနေသည့် ခွေးလေခွေးလွင့်များ  ဒေါပုံမြို့ နယ်၊ ကြည်စုရပ်ကွက်၊ ရတနာသိဒ္ဓိလမ်းမှာ ခွေးလေခွေးလွင့် အလွန်များနေပါတယ်။ လမ်းဖြတ်သွားသူတိုင်းကို အဲဒီခွေးတွေက အုပ်စုလိုက် လိုက်ကိုက်ကြပါတယ်။ ရပ်ထားတဲ့ ကားတွေပေါ်ကိုလည်း တက်အိပ်လို့ ကားတွေမှာ ခွေးခြေသည်း နဲ့ ခြစ်မိတာတွေလည်းရှိနေပါတယ်။ ခွေးလေခွေးလွင့်များ ရှင်းလင်းနေတယ် ဆိုပေမယ့်လည်း ကျနော်တို့လမ်းကိုတော့ တခါမှ လာမရှင်းသေးပါ။ တာဝန်ရှိသူများသိအောင်ပြောပေးပါ ကျေးဇူးပါ။ အမည်မဖော်လိုသူတဦး အလားတူ ပေးပို့လာတဲ့ စာတစောင်ထဲမှာလည်း  ကျနော်တို့ဒေါပုံမြို့နယ် ဆေးစပ်ရပ်ကွက်က ခွေးလေခွေးလွင့်တွေ ရှင်းလင်းစေလိုပါတယ်။ ညဘက် အပြင်တောင် မထွက်ရဲဘူး၊ လိုက်ကိုက်နေလို့ပါ။ ဇော်ဂျီလမ်းက အဆိုးဆုံးပါ။ အမြန်ဖယ်ရှားပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်တို့က ည ၁၂ နာရီ လောက်မှ အိမ်ပြန်ရတာအလုပ်က။ ထွန်းထွန်း   ပခုက္ကူမြို့ လျှပ်စစ်မီတာခကိစ္စ ဖြေရှင်းပေးပါ ကျနော်တို့ ပခုက္ကူမြို့မှာ လျှစ်စစ်မီးက တလလုံး မီးပျက်ချိန်ကို ပေါင်းလိုက်ရင် ၁၀ ရက်စာလောက်တော့ ရှိလောက်တယ်။ နောက်ပြီး ဆောင်းရာသီနဲ့ နွေရာသီမှာလည်း လျှစ်စစ်မီး သုံးစွဲခြင်းဟာ ကွာခြားမှူတွေရှိပါတယ်။ ဒါလည်း မီတာခတွေက မလျော့တဲ့အပြင် တိုးတိုးလာနေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ မြို့သူမြို့မြို့သားများ ခံစားနေရတာ နိုင်ငံတော်သိအောင်တင်ပြလိုက်ပါတယ်။ ကိုကြည်သိန်း   ကျောင်းအုပ်မရှိတဲ့ ချောင်းဆုံ ကလွီကျေးရွာ အထက်တန်းကျောင်း ဘီးလူးကျွန်း ချောင်းဆုံမြို့နယ် ကလွီကျေးရွှာ အထက်တန်းကျောင်းမှာ ကျောင်းအုပ် ဆရာကြီးပြောင်းသွားတာ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်ဝက်လောက်က ပြောင်းသွားပါတယ်။ ဆယ်တန်းကျောင်းသားတွေလည် အောင်ချက်ကျသွားပါတယ်။ အခုနှစ် ပညာသင်းနှစ်မှာ ကျောင်းတွေလည်း ဖွင့်လို့ တလကျော်သွားပါပြီ။ ကျောင်းအုပ်ဆရာလည်း မကျသေပါဘူး။ မြို့နယ် ပညာရေမှူးကပဲ မသိတာလား၊ ပြည်နယ်ပညာရေးမှူး မသိတာလား ပြောပေးပါဦး အထက်လူကြီးတွေသိအောင်။ ကျောင်းသားမိဘများ ကိုယ်စား    ညောင်ရွှေမြို့နယ်က လုယက်မှုများ နှိမ်နင်းပေးပါ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ညောင်ရွှေမြို့ကပါ။ ညောင်ရွှေမြို့က မြန်မာနိုင်ငံရဲ့ ဒုတိုတိုးမြို့တော်လို့ ခေါ်ရလောက်အောင် နိုင်ငံခြားသားတွေ အဝင်ထွက် အသွားလုများပါတယ်။ နိုင်ငံတော်အတွက်လည်း ဝင်ငွေများစွာ ရှာပေးတဲ့ မြို့ငယ်လေးတခုဆိုရင် မမှားပါဘူး။ နှစ်စဉ်တိုင်း နိုင်ငံခြားသားတွေမှာ လုယက်ခံနေရပါတယ်။ လစဉ် နှစ်မှုကနေ အထက်ရှိနေတာပါ။ အခုထက်ထိ ပြစ်မူကျူးလွန်သူလည်း မမိသလို အမှုလျော့နည်းအောင်လည်း မလုပ်ပေးနိုင်ကြပါဘူး။ အဲ့ဒီအတွက် ကျနော်တို့ ညောင်ရွှေမြို့အပါဝင် မြန်မာနိုင်ငံရဲ့ ပုံရိပ်ပါ ထိခိုက်စေတဲ့အတွက် ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့အနေနဲ့ ကိုယ့်အလုပ်ကို လုပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ညောင်ရွှေမြို့ခံတဦး ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]

More News
Up