A d v e r t i s e m e n t With Us

SpaceX Dragon ကုန်တင် အာကာသယာဉ် နိုင်ငံတကာအာကသစခန်းသို့ ရောက်ရှိ

ကုန်စည်ထောက်ပံ့တဲ့ SpaceX Dragon ကုန်တင် အာကာသယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်း (ISS) ကို ဇူလိုင် ၂၇ ရက်က ရောက်ရှိသွားပါတယ်။ ဒီအာကာသယာဉ်ဟာ ကိပ်ကာနာဗေရယ် အာကာသစခန်းကနေ ကြာသပတေးနေ့က ထွက်လာခဲ့တာပါ။ ကာလီဖိုးနီးယား ပြည်နယ်အခြေစိုက် စပေ့အိက်စ် အာကာသစခန်းကို လုပ်ငန်းရှင် သူကြွယ်ကြီး အီလွန်မာ့စ်ခ်က ပိုင်ပါတယ်။ မတ်လမှာ အာကာသ ခရီးစဉ် ဒီမိုဝမ်းအတွင်း မောင်းသူမဲ့ အာကာသယာဉ်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါတယ်။ အဲဒီ အာကာသယာဉ်ဟာ ပြန်ဆင်းလာချိန်မှာ အတ္တလန်တစ် သမုဒ္ဒရာထဲကို ဘေးကင်းကင်း ကျရောက်ခဲ့ပြီး ရက်အတော်များများကြာချိန်မှာ ပြန်ဆယ်ယူနိုင်ခဲ့ပါတယ်။ နောက်လ ဧပြီ ၂၀ မှာ ဆယ်ယူထားတဲ့ အာကာသ ယာဉ်ကိုပဲ နောက်တကြိမ် ပြန်စမ်းသပ် ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up